နိုင်းနိုင်း၊ ဒေါင်းနဲ့ ပထမဆုံး ဆုံပြီးရိုက်​ဖူးတာပါ ဆိုတဲ့ ဝတ်​မှုန်​ရွှေရည်

0
520


အရွယ်​တင်​နုပျိုလွန်းပြီး ပရိသတ်​တွေရဲ့ အာရုံကို ဆွဲဆောင်​နိုင်​လွန်းတဲ့ မင်း သမီးကတော့ ဝတ်​မှုန်​ရွှေရည်​ပါ။ မကြာခင်​မှာ ရုံတင်​ပြသတော့မယ့်​ လိပ်​ပြာစံအိမ်​ရုပ်​ရှင်​ဇာတ်​ကားမှာလည်း သူတစ်​ခါမှ သရုပ်​မဆောင်​ဖူးတဲ့ ကာရိုက်​တာနဲ့ သရုပ်​ဆောင်​ထားပါတယ်​။ လိပ်​ပြာစံအိမ်​ရုပ်​ရှင်​ဇာတ်​ကားနဲ့ ပတ်​သက်​တဲ့အကြောင်း တွေကို ဝတ်​မှုန်​ရွှေရည်​က . . .

”ဒီဇာတ်​ကားကကစ်​ဘဝမှာ နိုင်​ငံခြားဒါရိုက်​တာ ရိုက်​ကူးတဲ့ ပထမဆုံးသရဲဇာတ်​ကားပါ။ ဒီဇာတ်​ကားက ကစ်​ရိုက်​ကူးတဲ့ အထဲမှာ ပထမဦးဆုံးတွေများတဲ့ ဇာတ်​ကား တစ်​ကားပါ။ ကိုဒေါင်း၊ ကိုနိုင်းနိုင်း နဲ့လည်း ပထမဆုံးရိုက်​ကူးတဲ့ ဇာတ်ကား၊ အမေအနေနဲ့ ပထမဦးဆုံးသရုပ်​ဆောင်​တဲ့ ဇာတ်​ကားလည်း ဖြစ်​တယ်​။ ကစ်​က ဒီကားမှာ ဒါရိုက်​တာလိုချင်​တဲ့ မေလေးဆိုတဲ့ ကာရိုက်​တာ၊ ဒါရိုက်​တာ ဖြစ်​ချင်​တဲ့ ပုံစံအ တိုင်းကို ကြိုးစားပြီးတော့ သရုပ်​ဆောင်​ထားတယ်​။ ဇာတ်​ကားမရိုက်​ခင်​ကလည်း ကိုယ့်​ကိုယ်​ကိုယ်​ အမေတစ်​ယောက်​လို စိတ်​သွင်းလိုက်​တယ်​။ ကိုယ့်​သမီး လေးအဖြစ်​ သရုပ်​ဆောင်​တဲ့ ပြည့်​ပြည့်​ကလည်း တအားတော်​ပြီး တအား smart ဖြစ်​တယ်​။ ချစ်​ဖို့ကောင်းတဲ့ ကလေးတစ်​ယောက်​ဆိုတော့လေ သူနဲ့ သရုပ်​ဆောင်​တဲ့ အချိန်​mood တောင်​သိပ်​ထည့်​စရာမလိုဘူး။ ကိုယ့်​သမီး လေးတစ်​ယောက်​လိုကို ဖြစ်​နေ တယ်”လို့လည်း ပြောပြခဲ့ပါတယ်​။

 

လိပ်​ပြာစံအိမ်​ရိုက်​ကူးနေရင်း နဲ့ကို ကြောက်​ခဲ့ရတယ်​ဆိုတာကိုလည်း…

”အဲဒီအိမ်​မှာ ကစ်​တို့ ရုပ်​ရှင်​ရိုက်​ပြီးသွားတဲ့ အချိန်​မှာ အပေါ်ထပ်​မတက်​ရဲဘူး။ ကစ်​တို့ မင်းသား၊ မင်း သမီးတွေကို နားနေတဲ့ အခန်းဆိုပြီး တစ်​ခန်းပေးထားတယ်​။ မရိုက်​သေးဘူးဆိုရင်​ အဲဒီအခန်းထဲမှာပဲ အကုန်​လုံးစုပြုံပြီး နားနေကြတယ်​။ အပေါ်ထပ်​လည်း မတက်​ဘူး။ ဘယ်​ကိုမှလည်း မသွား ဘူး။ အိမ်​သာသွားရင်​လည်း သုံး၊ လေး၊ ငါးယောက်​လောက်​ စုပြုံပြီးတော့ သွားကြတယ်။ အမှတ်​တရတွေပေါ့နော်​။ ရိုက်​နေရင်းနဲ့ကို ကြောက်​ဖို့ကောင်းတယ်​။ တကယ်​စိတ်​လှုပ်​ရှားဖို့ကောင်းတဲ့ အဖြစ်​အပျက်​တွေလည်း ရိုက်​နေရင်းနဲ့ကို တွေ့ခဲ့ကြတယ်​။ ကြုံခဲ့ကြ တယ်​ဆိုတော့ စိတ်​မကောင်းတွေလည်း ဖြစ်​ခဲ့ရပါတယ်”လို့ ဝတ်​မှုန်​ရွှေရည်​က ပြောပြခဲ့ ပါသေးတယ်​။ ကိုယ့်​မြန်​မာမင်းသား၊ မင်းသမီး တွေနဲ့ International ကိုဖောက်​မယ့် ဇာတ်​ကားဖြစ်​တဲ့အတွက်​ ရင်​ခုန်​တယ်​။ အကောင်းဆုံးတော့ ကြိုးစားထားတယ်​လို့လည်း ဝတ်​မှုန်​ရွှေရည်​က ပြောပြခဲ့ပါတယ်​။ ”လိပ်​ပြာစံအိမ်​ကိုလာကြည့်​မယ့်​ ပရိသတ်​တွေကို လည်း ဝတ်​မှုန်​ရွှေရည်​က တစ်​ယောက်​တည်းတော့ လာမကြည့်​ပါနဲ့ အဖော်​ခေါ်ခဲ့ကြပါ။ အုပ်​စုလိုက်​လာကြည့်​ရင်​ ပိုအဆင်​ပြေပါတယ်​။ တအားကြောက်​ဖို့ ကောင်းပါတယ်​ ” လို့လည်း ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ – အောင်​ဇော်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here