ခိုင်လီဂျန်နာရဲ့ တစ်နှစ်တာအတွင်းအိမ်အရောက် အစားအသောက်မှာ ယူမှုတွေက ဒေါ်လာသောင်းချီတန်ဖိုးရှိ

0
237

အမေရိကန်နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ အမျိုး သမီးတွေထဲမှာ အကြွယ်ဝဆုံးတွေထဲက တစ်ယောက် ဖြစ်တဲ့ မော်ဒယ်လ်၊ ဒီဇိုင်နာ ခိုင်လီဂျန်နာရဲ့ တစ်နှစ်တာအတွက် ပို့စ်မိတ်လို့ခေါ်တဲ့ အိမ်အရောက်ပို့စနစ်နဲ့ အစားအသောက် မှာစားတဲ့နည်းနဲ့ မှာယူခဲ့တဲ့အစားအသောက်တွေရဲ့ တန်ဖိုးဟာ ဒေါ်လာသောင်းနဲ့ချီရှိတယ်လို့ The Reeceipt လို့ ခေါ်တဲ့ အမေရိကန်အခြေစိုက် နာမည်ကျော် အစားအသောက် ဖြန့်ချိရေး ကုမ္ပဏီကြီးက ပြောဆို လိုက်ပါတယ်။

ခိုင်လီ နံနက်စာစားတဲ့အချိန်က ပုံမှန်မနက် ၁ဝ နာရီ ဝန်းကျင်ဖြစ်တယ်လို့လည်း သိရသလို ပြီးခဲ့တဲ့ ဇွန်လရဲ့ ရက်တစ်ရက်တည်းမှာ ခိုင်လီမှာခဲ့တဲ့ အိမ်အရောက်ပို့ရတဲ့ အော်ဒါ အစားအသောက်တွေကို အခုလို ဖော်ပြထားပါတယ်။

မနက် ၁ဝ နာရီမှာ The Bagel Broker ဆိုင်ကနေ ကရင်မ်ချီ့စ်ဘာ ဂါတစ်လုံး၊ လေးနာရီအကြာမှာ အိုက်စကရင် ဆန်းဒွတ်ခ်ျ မုန့်ခြောက်ခု၊ နောက်လေးမိနစ်အကြာ မှာ နာမည်ကျော် Mauro Cafe ဆိုင်က အဆီထုတ်ထားတဲ့ မုန်လာဥနီနဲ့ ကြက်သွန်ကြော်၊ နောက်ထပ် နှစ်မိနစ်အကြာမှာ တကီးတို့စ်လို့ခေါ်တဲ့ မက္ကဆီကန် ထမင်းဘူး၊ Casitadel Camp ဆိုင်က ဟင်းရွက်စုံသုတ်၊ နောက်ထပ်လေး မိနစ် အကြာမှာ Umami Burser ဆိုင်က ဘာဂါတစ်လုံး အစရှိသဖြင့် မှာယူခဲ့ပြီး အားလုံးက ကမ္ဘာကျော်တဲ့ဆိုင်တွေ က ပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သက်တမ်းရင့် ဝိုင်အကောင်းစားတွေ၊ ၁၉၄၂ ခုနှစ်ထုတ် တက်ကီလာအရက်တွေလည်း အမြောက်အမြား ပါဝင်သေးကြောင်း သိရပါတယ်။

Ref: ENEWS


LEAVE A REPLY

Please enter your comment!
Please enter your name here