အမာခံပရိသတ်တွေနဲ့ အတူ နှစ်ဦးအလှူလုပ်ခဲ့တဲ့ ဟိန်းဝေယံ

0
317

သရုပ်ဆောင် ဟိန်းဝေယံကတော့ မကြာသေးမီက သူ့ရဲ့အမာခံပရိသတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ‘ငွေ ကြယ်ပွင့်ဟိန်းဝေယံ’ ပရဟိတအဖွဲ့ရဲ့ နှစ်ဦးအလှူပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့က၊ သန်လျင်မြို့၊ ဗလအားမာန်ငါးတန်လူငယ်ဖွံ့ဖြိုး ရေးပရဟိတ ဂေဟာနဲ့ သန်လျင်သဘာတရားရိပ်သာတို့မှာ အလှူအတန်းများ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ နှစ်ဦးအလှူနဲ့ပတ်သက်ပြီး သရုပ်ဆောင် ဟိန်းဝေယံက …

”ကျွန်တော်ရဲ့ အမာခံပရိသတ်တွေနဲ့ ဖွဲ့စည်ထားတဲ့ ငွေကြယ်ပွင့် ဟိန်းဝေယံ ပရဟိတအဖွဲ့နဲ့အတူ နှစ်ဦးအလှူလေးလုပ်ဖြစ်တာပါ။ ဗလအားမာန်ငါးတန်လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ သံဃာတော်တွေကို နေ့ဆွမ်းကပ်တယ်။ ပြီးတော့ ကျောင်း သားကျောင်းသူတွေကို လည်း နေ့လယ်စာ အလှူအတန်းလေး လုပ်ဖြစ်တာပါ။ ပြီးတော့နဲ့ သန်လျင် သဘာဝရိပ်သာမှာလည်း ငွေသားလှူခဲ့ပါတယ်။ ခုလို ပရိသတ်တွေနဲ့အတူ အလှူအတန်းလုပ်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ အရမ်းလည်း ပျော်ပါတယ်။ အရမ်း လည်း ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ ပြောပြခဲ့ပါတယ်။

‘ငွေကြယ်ပွင့်ဟိန်းဝေယံ’ ပရဟိတအဖွဲ့နဲ့ပတ်သက်ပြီးလည်း …

”ငွေကြယ်ပွင့် ဟိန်းဝေယံ ပရဟိတအဖွဲ့ဖွဲ့စည်းတာကတော့ တစ် နှစ်ဝန်းကျင်လောက် တော့ ရှိပါပြီ။ ဒီအဖွဲ့လေးက ကျွန်တော်ကိုခင်တဲ့ အားပေးတဲ့ ကျွန်တော်ရဲ့ အမာခံ ပရိသတ်တွေရော ကျွန်တော်ရောအပါအဝင် အားလုံးစုပေါင်းပြီးတော့မှ ဒီအဖွဲ့လေးကို ဖွဲ့စည်းထားတာပါ။ ကျွန်တော်တို့ ဒီအဖွဲ့လေးလုပ်ဖြစ်တာကတော့ လူ့ဘဝဆိုတာ တိုတို လေးပါ ခုလိုအသက်ရှင်ခွင့်ရနေတဲ့အချိန်မှာ အများအတွက် ကိုယ်နိုင်သလောက် လုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့ကတော့ ရှေ့မှာလည်း လှူထားတာတွေ အများကြီး ရှိပါတယ်။ ရေဘေးတုန်းကလည်း သွားလှူထားတာရှိတယ်။ နောက်ပြီး မသန်စွမ်းကလေးတွေကိုလည်း သွားပြီးလှူဖြစ်တာရှိပါတယ်” လို့လည်း သရုပ် ဆောင်ဟိန်းဝေယံက ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here