ဖန်သားပြင်မှာ မကြာခင် ထပ်မံမြင်တွေ့ရတော့မယ့်Joo Won

0
170

မင်းသား Joo Won ရဲ့ နိုင်ငံစစ်မှုထမ်း ၂၁ လ ဖေဖော်ဝါရီ ပထမ အပတ်က ပြီးဆုံးခဲ့ပါတယ်။ မင်းသားဟာ သူ့ရဲ့ပရိသတ်တွေနဲ့ တွေ့ဆုံ ခဲ့ပြီး အင်တာဗျူးများကိုလည်း လက်ခံဖြေကြားခဲ့ပါတယ်။

သူဟာ မကြာ ခင် ဇာတ်လမ်းတွဲသစ်တွေမှာ ပြန်လည်မြင်ရဖို့ ပရိသတ်တွေက မျှော်လင့် နေပါတယ်။ သူ့ကို ၂၁ လကြာ စောင့်မျှော်နေကြပြီး ရေခဲနေတဲ့ ရာသီဥတု မှာတောင် လာရောက်စောင့်ကြို နေကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါ တယ်။

မင်းသား Joo Won ဟာ ၂ဝ၁၇ မေလ ၁၆ ရက်နေ့က စတင် စစ်မှုထမ်းခဲ့ပြီး သူ့ရဲ့ စစ်မှုထမ်းပြီး ဆုံးခဲ့တာကတော့ ဖေဖော်ဝါရီ ၅ ရက်လို့ သိရပါတယ်။ မင်းသားဟာ စစ်မှုထမ်းခဲ့တဲ့ ကာလအတွင်း အရမ်းကို ယောက်ျားဆန်ပြီး ပိုပြီး ကြည့်ကောင်းလာပါတယ်။

သူ့ကို တခဲနက်အားပေးကြတဲ့ ပရိသတ် တွေအတွက် သူ့ဇာတ်လမ်းတွဲတွေမှာ ပိုမိုကြိုးစားပြီး သရုပ်ဆောင်သွား မယ်လို့ ပြောကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here