အဆိုတော် ပင့်ခ် Hollywood Walk of Fame မှာ မှတ်တမ်းတင် ဖော်ပြခံရ

0
221

အဆိုတော်ပင့်ခ်တစ်ယောက် အထူးချွန်အပြောင်မြောက်ဆုံး အနု ပညာရှင်တွေကို ဂုဏ်ပြုမှတ်တမ်း တင်ကမ္ဗည်းတင်တဲ့ ဟောလိဝုဒ်က Walk of Fame မှာ “Pink” ဆိုတဲ့ အမည်စာလုံးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က သမိုင်းတင်ရေးထိုးခွင့်ရခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ပင့်ခ်က အဆိုပါဂုဏ်ပြုပွဲအခမ်အနားကို ခင်ပွန်းသည် ကယ်ရီဟတ်၊ သမီးကြီး ဝစ်လိုး အသက် ၇ နှစ်နဲ့ သားငယ် ဂျေးမဆန် အသက် ၂ နှစ်တို့နဲ့ အတူ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနေ့က အမေရိကန် သရုပ်ဆောင် အယ် လန်ဒီဂျန်းနရက်စ်က ပွဲအတွက် အဖွင့်စကားကို ပြောကြားပေးခဲ့ ပါတယ် သမီးကြီး ဝစ်လိုးက . .

”မေ့မေ့အတွက် ဂုဏ်ယူပါ တယ်။ မယုံကြည်နိုင် လောက်အောင် ပါပဲ”လို့ အင်တာနက်စာမျက်နှာ ပေါ်မှာ ရေးခဲ့ပါတယ်။

ပင့်ခ်ဟာ လာမယ့်ဖေဖော်ဝါရီ ၁ဝ ရက်မှာ ကျင်းပမယ့် ဂရမ်မီဆုပေး ပွဲအတွက်လည်း သူ့ရဲ့နောက်ဆုံး ထွက်ရှိခဲ့တဲ့ Beautiful Trauma နဲ့ အကောင်းဆုံး ပေါ့ပ်ဂီတအယ်လဘမ် ဆန်ကာတင်အနုပညာရှင်အဖြစ် ရွေးချယ်ခံထားရသလို ဒီနေ့ အချိန် အထိ ဂရမ်မီဂီတထူးချွန်ဆု လေး ဆုကိုလည်း ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။

Ref:ENEWS


LEAVE A REPLY

Please enter your comment!
Please enter your name here