Sexy ဓာတ်ပုံတွေ ရိုက်တာ ရိုက်ချင်လို့ကို ရိုက်ဖြစ်နေတာပါဆိုတဲ့ မော်ဒယ်လ် J Naw

0
316

ဖက်ရှင်အလန်းစားတွေနဲ့ ပရိသတ် တွေကို တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် ဝတ်စားတတ်သူကတော့ မော်ဒယ်လ်J Naw ပဲဖြစ်ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး ဘယ်လိုတွေ လေ့လာဖြစ်လဲJ Naw ဆိုရင် Sexy ပုံစံနဲ့ပဲ မြင်တဲ့ အပေါ်ကို မေးကြည့်တဲ့အခါမှာတော့ J Naw က ”ဖက်ရှင်ကိုတော့ လေ့လာဖြစ်ပါတယ်။ Instagram တွေ ကြည့်တယ်။ နိုင်ငံခြားက ဖက်ရှင်ဒီဇိုင်းနာတွေ ဝတ်တာ ကြည့်ပြီးတော့လည်း အော် ငါတော့ ဒီနေရာသွားရင် ဘယ်လို ဝတ်ရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဝတ် ကြည့်ရတာ ပေါ့နော်။ ပြီးတော့ တချို့ပရိသတ်တွေက ပြောတယ်ပေါ့နော်။ အစ်မတို့ Sexy တွေ ဝတ်တိုင်း ဝေဖန်ကြတယ်ပေါ့နော်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက်က ခံယူချက် ခြင်းလဲ မတူသလို အစ်မတို့ ဒီလောကထဲကို ရောက်လာတဲ့ ခံယူချက်ခြင်းကလည်း တစ်ယောက်နဲ့တစ်ယောက် မတူ ကြဘူး။ အစ်မတို့ကျတော့ Fashion ရယ်၊ Runway ရယ်ပြီးတော့ ဒီ Catwalk မော်ဒယ်လ်အနေနဲ့ ဒီလောကထဲကို ရောက်လာတာဆိုတော့ ပရိသတ်တွေ အစ်မကို စောင့်ကြည့်နေတဲ့ သူတစ်ယောက်ချင်းစီတိုင်းကလည်း အစ်မရဲ့ ဖက်ရှင်တစ်ခုခုပေါ့နော်။ ဒါတွေကို ချစ်ပြီးတော့ ကြိုက်ပေးတာပေါ့နော်။ တချို့ကျတော့လည်း အစ်မရဲ့ ဒီလိုအင်တာဗျူးဖြေရင် ပွင့်ပွင့်လင်းလင်းပြောတယ်။ စိတ်ထဲမှာ ရှိတဲ့အတိုင်းပြောတယ်။ မလိမ်ထားဘူး။ မညာထားဘူး။ မကွယ်ဝှက်ထားဘူး။ အဲဒါလေးတွေကို သဘောကျလို့ ချစ်နေတာလေးတွေရှိတယ်။ ဒီလို Sexy ဝတ်မှ ကြိုက်ကြတာ မဟုတ်ဘူးပေါ့နော်။ အဲဒီလိုဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ဒီလောကထဲကို ဝင်တာမတူသလို အားပေးမှုရတာ ချင်းလည်း တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ အဓိကက ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာ ပျော်ရင် တကယ်စိတ်ချမ်းသာဖို့ ကောင်းတယ်လေနော်။ အဲဒီလိုကျတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ယုံကြည်မှုရှိရှိ လုပ်နိုင် အောင်ကိုပဲ ကြိုးစားတယ်။ Sexy ရိုက်တာလည်း စိတ်ပါလက်ပါ ရိုက်တာ။ ရိုက်ချင်လို့ကို ရိုက်ဖြစ်နေတာပါ”လို့ ပြောပါတယ်။

သဲစုလှိုင် ၊ ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here