စမိုင်းလ်ရဲ့ ‘Sharing is Caring’ စာအုပ်ကို ဖတ်လိုက်ရင် ပ ရိ သတ် အ တွက် ဘာ တွေ ရ သွား စေ မ လဲ

0
296

ခန္ဓာကိုယ်အဝလွန်ခဲ့စဉ်က ရင် ဆိုင်ခဲ့ရတဲ့ Body Shaming အ ကြောင်းကို ပရိသတ်တွေသိရှိစေဖို့ စမိုင်းလ်က စာစီကာ Sharing is Caring စာအုပ်ကို ထုတ်ဝေလိုက် တာဖြစ်ပါတယ်။ တန်ဖိုးအရင်းမှာ ၆ဝဝဝ ကျပ်ကျသင့်ပေမယ့် ၅ဝဝဝ ကျပ်နဲ့အရှုံးခံပြီး ထုတ်ဝေလိုက်တဲ့ စမိုင်းလ်ရဲ့ Sharing is Caring စာအုပ်မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁ဝ ရက်၊ နေ့ခင်းပိုင်းက ရန်ကုန်မြို့၊Junction City မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ သူ့ခန္ဓာကိုယ် အလေးချိန် ပေါင် ၂ဝဝ ကျော်ခဲ့စဉ်က Body Shaming လုပ်ခံရခဲ့တဲ့ အကြောင်း တွေကို စမိုင်းလ်က …

”Body Shaming လုပ်ခံရတုန်းကဆိုရင် ကိုယ်က တကယ်ပဲ လူတော မတိုးရဲ တော့ဘူးလား။ တကယ်ပဲ ကိုယ်က အဲဒီလောက်ကြီးအထိ ရုပ်ပျက်ဆင်း ပျက်ဖြစ်နေပြီလား။ တစ်လောကလုံး ကပဲ ကိုယ့်ထက်ပိန်တဲ့သူတွေချည်း ပဲလား။ ကိုယ်ကပဲ တစ်လောကလုံး မှာ ရုပ်အဆိုးဆုံးပဲလားဆိုသလောက် အထိကို စိတ်ဓာတ်ကျသွားတာပေါ့ နော်။ အဲဒီလောက်ကြီးအထိဖြစ်သွား တဲ့အခါကျတော့ အဓိကက တစ် ယောက်နဲ့ တစ်ယောက်ဖေးမစေချင် တာပေါ့နော်။ မဖေးမဘဲနဲ့ တွေ့တဲ့ အချိန်တိုင်း နင်ဝလာတယ်၊ ဝလာ တယ် ပြောကြတယ်။ တချို့ဆိုလို့ရှိရင် စမိုင်းလ်ကို ယောကျာ်းပစ်သွားဦး မယ်ဆိုတဲ့အထိလောက်အထိ ပြော ကြတဲ့အခါကျတော့ အရမ်းကိုဆိုး တယ်ပေါ့နော်။ အဲဒီတော့ သူတစ်ပါး ရဲ့ အိမ်ထောင်ရေးကိုလည်း မပြော သင့်ဘူးပေါ့နော်။ အဲဒီအချိန်မှာ အရမ်းစိတ်ဓာတ်ကျပြီးတော့ ဝိတ် လည်းချချင်လာတာပေါ့နော်။ ကျန်း မာရေးအနေနဲ့ စမိုင်းလ်တို့ ၂ ယောက်စလုံးက အရမ်းဝလာတဲ့အခါ ကျတော့ ဆီးချိုလည်းဖြစ်ချင်လာ တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ လည်း တစ်ခါတည်း ဝိတ်ကိုချဖြစ်သွား တာပေါ့နော်”လို့ ပြောပါတယ်။


စမိုင်းလ်ရေးတဲ့ ‘Sharing is Caring’ စာအုပ်ဆိုတာ စမိုင်းလ် ကိုယ်တိုင်က စာရေးဝါသနာပါလို့ ထုတ်တာလား။ ဘယ်သူတွေက သူ့ကို စာစီပေးထားတာလဲဆိုတာ ကိုတော့ စမိုင်းလ်က …

”စာရေး တာ ဝါသနာမပါဘူး။ လုံးဝမရေး တတ်ဘူး။ စာစီစာကုံးတစ်ပုဒ်တောင် ကောင်းကောင်းမရေးတတ်ဘူး။ ဒါ ပေမဲ့ အခုကျတော့ စမိုင်းလ် ဒီစာ အုပ်ထဲမှာလည်း စာရေးထားသလိုမျိုး မဟုတ်ဘူးပေါ့နော်။ ပါးစပ်က စကား ပြောနေသလိုမျိုးပဲ ရေးထားတာပါ။ အဲဒါမှလည်း စမိုင်းလ်ပြောချင်တဲ့ဟာ တွေ အကုန်လုံးကို ပရိသတ်တွေက သိနိုင်မှာပေါ့နော်။ အဲဒီလိုမျိုးအတွက် ကြောင့်မို့လို စမိုင်းလ် ဒီဟာထဲမှာ သေသေချာချာရေးပြီးတော့ လုပ် ထားတယ်။ စာရွက်ကို တစ်ရွက် လောက်ဖတ်လိုက်တာနဲ့ စမိုင်းလ် ရင်ထဲကနေပြီးတော့ တကယ်ပြော ထားတယ်ဆိုတာကို သိသွားလိမ့်မယ် ပေါ့နော်”လို့ ပြောပါတယ်။

ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ကို လည်း ဝိတ်ချဖို့တိုက်တွန်းခဲ့သလို အတူတူ ဝိတ်ချဖြစ်ခဲ့ပါတယ်လို့ဆိုတဲ့ စမိုင်းလ်က …

”ကိုယ်က ၂ဝဝ ကျော်ဆိုတော့ သူလည်း ၂၅ဝ၊ ၂၆ဝ လောက်ပေါ့နော်(ရယ်လျက်)။ ပြော ရမယ်ဆိုရင် ၂ ယောက်စလုံးက အကြီးကြီးဖြစ်နေတာပေါ့နော်။ စမိုင်းလ်ဆိုလို့ရှိရင် မြန်မာအမျိုး သမီးတွေထဲမှာ အရပ်ရှည်ပြီးတော့ ထွားတဲ့အထဲမှာပါတယ်။ သူဆိုရင် အရပ် ၆ ပေ။ ကိုယ်ဆိုရင် ၅ ပေ ၆ လက်မ။ ဒါပေမဲ့ အရမ်းဝသွားတဲ့ အခါကျတော့ အကြီးကြီးဖြစ်သွားတာ ပေါ့။ ပြီးရင်နောက်တစ်ခုက ဘာလဲ ဆိုတော့ ဝသွားတာနဲ့ တစ်ပြိုင်တည်း မှာ ကျန်းမာရေးအရ အသည်းအဆီ ဖုံးတယ်။ မလိုလားအပ်တဲ့ ဆီးချိုတွေ၊ သွေးတိုးတွေ ဖြစ်ချင်လာတာပေါ့ နော်။ အဲဒါကြောင့်မို့လို့လည်း စမိုင်းလ်တို့ နှစ်ယောက်စလုံးအတူတူ ဝိတ်ချခဲ့တာပဲ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here