သရုပ်ဆောင် တစ်ယောက်အတွက် ဝမ်းစာပြည့်ဖို့ ဘာတွေလိုအပ်မလဲ ကျော်ဆု

0
339

သရုပ်ဆောင်ကျော်ဆုကတော့ လတ် တလောမှာတော့ ဇာတ်လမ်းတွဲတွေ ဆက် တိုက်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ဂီတဘက်မှာလည်း ထူးချွန်သလို သရုပ် ဆောင်ပိုင်းမှာလည်း ကာရိုက်တာကို ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက် လို့လည်း ပရိသတ်က အသိအမှတ်ပြုကြတဲ့ သူလည်းဖြစ်ပါတယ်။ ဗီဒီယို ဈေးကွက် သိပ်မရှိတော့တဲ့အချိန် ဇာတ်လမ်းတွဲတွေ ကြောင့် သရုပ်ဆောင်တွေ၊ သရုပ်ဆောင် အသစ်တွေ နေရာရလာကြပြီ။ ပရိသတ်ရဲ့ အားပေးမှုတွေ၊ ပရိသတ်ရဲ့ အချစ်တွေ ရရှိ ခဲ့တာတွေလည်း ရှိပါတယ်။ ဇာတ်လမ်း တွဲတွေ တော်တော်များများမှာ ကာရိုက်တာ တွေ တစ်ခုနဲ့ တစ်ခုမတူဘဲ ရိုက်ဖြစ်ပုံက ကိုယ့်အတွက် ဘယ်လိုအားသာမှုတွေရှိ မလဲလို့ မေးကြည့်တဲ့အခါမှာတော့ ကျော်ဆု က ”ကျွန်တော်တို့ ကာရိုက်တာတစ်ခုနဲ့ တစ်ခု မတူညီတဲ့အတွက် အားသာမှုရှိတယ် လို့တော့ မဟုတ်ပါဘူး။ ကာရိုက်တာတစ်ခု ပြီး တစ်ခု မတူညီတဲ့ ကာရိုက်တာကို သရုပ် ဆောင်ခွင့်ရတော့ ဒါကျွန်တော်တို့ အတွက် ပညာတွေရတယ်။ အတွေ့အကြုံတွေ ရ တယ်ပေါ့နော်။ အမျိုးမျိုး ရှိပါတယ်။ ကိုယ့်အနေနဲ့ ငါက တော့ ဒီကာရိုက်တာကို မှ သရုပ်ဆောင်လိုက်ရမှ ငါ့အတွက် အခွင့် အလမ်းတွေ ပိုများမယ်ဆိုတာ မျိုးတော့ မဟုတ်ပါဘူး။ ကာရိုက်တာ အကုန်လုံးကို အံဝင်ခွင်ကျ ရိုက်နိုင်မှ သရုပ်ဆောင် တစ် ယောက်အတွက် ဝမ်းစာတွေ ပြည့်ဝမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဥပမာ ကျွန်တော် ဆိုလည်း ရွှေဖူးစာဆုံရာမြေ ဇာတ်လမ်း တွဲထဲမှာ ဈေးသည် ကာရိုက်တာကနေ သရုပ်ဆောင်ရတယ်။ ဈေးသည်ဆိုတော့ ဈေးတွေ အော်ရောင်းရတာပေါ့။ (ရယ် လျက်)။ အဲဒါပြီးတော့ အခုပြနေတဲ့ Toxic အဆိပ်သွေးထဲမှာ ဆိုရင်လည်း တခြား နေရာကနေ ကာရိုက်တာအမျိုးမျိုးနဲ့ သရုပ် ဆောင်ခဲ့တာဆိုတော့ ကိုယ့်အတွက်တော့ ပညာအများကြီးရတယ်လို့ ကျွန်တော် ကတော့ မြင်မိပါတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်း အခြေ အနေ တစ်ခုအထိ ရောက်လာ ပြီဖြစ်သလို ဂီတပိုင်းကိုကော ဘာတွေလုပ်သွားဖို့ရှိလဲ လို့ မေးကြည့်တဲ့ အခါမှာတော့ ကျော်ဆုက ”ဂီတနဲ့ ပတ်သက်ပြီးတော့က ထွေထွေထူး ထူးမရှိပါဘူး။ တခါတလေကျ သီချင်းဆို ချင်ရင်လည်း ဆိုလိုက်တယ်။ လောလော ဆယ်ကိုယ့်ဘာသာ လုပ်ထားတာလည်း ရှိတယ်။ အခုချိန်ထိ ဘာလုပ်လို့ လုပ်ရ မှန်းကို မသိသေးပါဘူး”လို့ ပြောပါတယ်။

သဲစုလှိုင်၊ ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here