ရေခဲတောင်မှာ သွားရိုက်မယ့် ရုပ်ရှင် ကားကြီးအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ သင်ဇာဝင့်ကျော်

0
487

အလန်းစားဖက်ရှင်တွေနဲ့ ပရိ သတ်တွေရဲ့ အားပေးမှုကို ရရှိနေသူက တော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေတဲ့ သူ့အတွက် နောက်ထပ် ရုပ်ရှင်ကားကြီးဖြစ်တဲ့ မြင့် မြတ်နဲ့ ရေခဲတောင်မှာ သွားရောက်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

”သင်ဇာတို့ ရိုက်ကူးရမှာက မြင့်မြတ်တို့နဲ့ ရေခဲတောင်မှာ ရိုက် ကူးရမှာပါ။ ရေခဲတောင် ခြေရင်းမှာ အရင်ရိုက်မယ်။ ပြီးမှ ပူတာအိုမှာ ဆက်ရိုက်ရမှာပါ။ ဇာတ်ကားက Adventure လို ပုံစံမျိုးပါ။ ထူးဆန်းမှုတွေ ပြည့်နှက်ပြီး စွန့်စားမှုတွေအပြည့် နဲ့ ရိုက်ရမှာဆိုတော့ ကိုယ့်အတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်မယ့် ဇာတ်ကားမျိုးပါ။ ရေခဲတောင်မှာ သွားရိုက်ရမှာ ဖြစ်တဲ့ အတွက် ဖက်ရှင်နဲ့ပတ်သက် ပြီးလို့ကတော့ လုံလုံခြုံခြုံပဲ ဝတ်ရမှာပဲပေါ့နော်။ (ရယ်လျက်)။ ဒါရိုက်တာ က အင်တာဗျူးတွေမှာ ဖြေထားတာ တွေ့ရတယ်။ အင်္ကျီမပါဘဲနဲ့ ရိုက်ရမယ့် အခန်းတွေပါတယ်ဆိုပြီး အဲဒါကလည်း ဇာတ်လမ်း ထဲက နောက် ဆုံးခန်းက အဲဒီလိုမျိုးလေးတွေပါတာပါ။ လိုအပ်ရင်လည်း ချွတ်ရမယ်ပေါ့ နော်။ မလိုအပ်ရင်လည်း မချွတ်ရပါဘူး။ ဒီကားရိုက်ကူးမှုအတွက် အိမ်က မိသားစုက စိတ်ပူနေတာတွေတော့ နည်းနည်းရှိတယ်။ ရေခဲတောင်မှာ သွားရိုက်ရမယ်ဆိုတော့ ကျန်းမာရေး မကောင်းမှာကို အမေတို့က စိုးရိမ် နေတယ်။ သင်ဇာရဲ့ မိတ်ကပ်ဆရာတွေနဲ့ပဲ သွားရမှာဆိုတော့ မိဘတွေက ကျန်းမာရေးမကောင်းမှာကို စိုးရိမ်နေတယ်။ အဲဒီအတွက်လည်း သင်ဇာက ကျန်းမာရေးကောင်းအောင် Gym တောင်သွားပြီး ဝိတ်မချဘူး။ ဝိတ်ချတဲ့ အချိန်ဆို ကိုယ်ခံ အားနည်းပြီး ဖျားမှာဆိုးလို့ ကျန်းမာရေးမထိခိုက်အောင် ပြင်ဆင်နေပါ တယ်” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

အချစ်ရေးမှာ Single ဖြစ်နေတဲ့ သူ့အတွက် အချစ်သစ်များရတော့ မလားလို့ မေးကြည့်တဲ့အခါမှာတော့ သင်ဇာဝင့်ကျော်က ”အချစ်သစ်ကတော့ ရှိတော့မလိုပါပဲ။ (ရယ်လျက်)။ Valentine’s Day နေ့မှာ လည်း နိုင်ငံခြားကနေ ပန်းစည်းပို့ လိုက်တော့ ကိုယ့်အတွက်တော့ Surprise ဖြစ်သွားတာပေါ့။ သူ့ အတွက်လည်း အမှတ်ပိုရတာပေါ့။ (ရယ်လျက်)။ ဘာပဲပြောပြော အချစ်ရေး ကတော့ အေးဆေးပါပဲ။ ကိုယ့် မိဘတွေအပေါ် နားလည်ရမယ်။ ကိုယ့်အပေါ်ကို နားလည်မှုအပြည့် ပေးနိုင်ရမယ်ဆိုရင် သင်ဇာ့အတွက် တော့ အဆင်ပြေပါ ပြီ” လို့ ပြောပါတယ်။

သဲစုလှိုင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here