ဘီးတဲလ်စ်အဖွဲ့ရဲ့ လွန်ခဲ့တဲ့ ၅၅ နှစ်က ဂရိတ်ယားမောက် ဖျော်ဖြေပွဲ ဓာတ်ပုံ ပေါ်ထွက်လာ

0
350


ကမ္ဘာတစ်ဝန်းလုံးက ဘီးတဲလ်စ် ပရိသတ်တွေ တစ်ခါမှ မမြင်ဘူးသေးတဲ့ လွန်ခဲ့တဲ့ ၅၅ နှစ်တုန်းက အင်္ဂလန်နိုင်ငံ အရှေ့ဖက်ကမ်း ရိုးတန်းက ဂရိတ်ယား မောက်မှာ ဘီးတဲလ်စ် အဖွဲ့ ဖျော်ဖြေစဉ်က ရိုက်ကူးထားတဲ့ အဖြူအမည်း ဓာတ်ပုံ တစ်ပုံ ဖေဖော်ဝါရီ ၁၄ ရက်က ပေါ်ထွက်လာခဲ့ပါတယ်။

၁၉၆၃ ကတည်းက ရိုက်ကူးခဲ့တဲ့ အဆိုပါဓာတ်ပုံရဲ့ နဂ္ဂတစ်ကို ဓာတ်ပုံဆရာက လွှင့်ပစ်ထားခဲ့တာ ဖြစ်ပြီး ဒီနဂ္ဂ တစ်ကို ဓာတ်ပုံဆရာရဲ့ လက်ထောက်ဖြစ်သူ ပီတာဟယ်ရစ် ဆင်က ကောက်ယူ သိမ်းဆည်းခဲ့ပြီး သူ့ရဲ့ အိမ်မှာ ထိန်းသိမ်း ထားခဲ့တာလို့ သိရပါတယ်။

အခုလက်ရှိ မစ္စတာ ဟယ်ရစ်ဆင်ဟာ အသက် ၇၅ နှစ်ရှိနေပြီး အင်္ဂလန်နိုင်ငံ လိဒ့်မြို့မှာ နေထိုင်နေတာဖြစ်ပါ တယ်။ သူသိမ်းဆည်းထားခဲ့တဲ့ နဂ္ဂတစ် ဖလင်ကို သူ့ရဲ့ သားဖြစ် သူက ဓာတ်ပုံအဖြစ် ပုံနှိပ် ပြသခဲ့တာလို့ ဆိုပါတယ်။ နှစ်ပေါင်း ၅ဝ ကျော်လုံးလုံး ပျောက်ကွယ်နေတဲ့ အဲဒီဓာတ်ပုံ ကို မြင်ရတော့ မစ္စတာ ဟယ်ရစ်ဆင်က အရမ်းနှစ်သက်စရာ ကောင်းတယ်လို့ မှတ်ချက်ပြုပါတယ်။

ဘီးတဲလ်စ်အဖွဲ့ကို ၁၉၆ဝ ခုနှစ်က အင်္ဂလန်နိုင်ငံ လီဗာပူးမြို့မှာ စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ရော့စ်နဲ့ ပေါ့ပ်ဂီတတွေ ဖန်တီးခဲ့ကြပါတယ်။ ဒီနေ့အချိန်အထိ ကမ္ဘာ့ အအောင် မြင်ဆုံးအဖွဲ့ အဖြစ် ထိပ်ဆုံးမှာ ရပ်တည် နေဆဲပဲ ဖြစ်ပါတယ်။

Ref:BBC


LEAVE A REPLY

Please enter your comment!
Please enter your name here