ကိုယ့်ကိုယ်ကိုယ် လူကြီးသရုပ်ဆောင်တစ်ယောက်အဖြစ် မမြင်သေးပါဘူးဆိုတဲ့ အားသစ်

0
349

သူ့ကို ပရိသတ်တွေအားပေးခဲ့ တာ ‘မဟော်သဓာ’ဆိုတဲ့ ကာရိုက် တာနဲ့၊ အခုတော့ အားသစ်က လူကြီး သရုပ်ဆောင်တစ်ယောက်တောင် ဖြစ်နေပြီ။ ဆယ်တန်းပြီးကတည်းက သူရုပ်ရှင်ကားတွေ တောက်လျှောက် ရိုက်ထားတယ်။ လတ်တလောမှာ တော့ ‘ဝမ်းဝမ်းလေး’ ရုပ်ရှင်ဇာတ် ကားက ရုံတင်ပြီ။ ပြီးရင် ‘ချစ်ခြင်း ကို မခွဲပါနဲ့’ က ဆက်လက်ရုံတင်တော့ မယ်။ ရိုက်ပြီးသမျှ ကားတွေထဲမှာ အားသစ်စိတ်ကြိုက်ကာရိုက်တာမျိုးပါလား၊ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက် ကာရိုက်တာကို ထပ်ရိုက်ဖို့ရှိဦးမလား လို့ဆိုတော့ …

”အများကြီးပဲရှိပါ တယ်။ ဖန်တီးချင်တဲ့ ပုံစံမျိုးလေးတွေ တော့စိတ်ထဲမှာရှိပါတယ်။ အကောင် အထည်ဖော်ဖို့တော့ နည်းနည်းလိုပါ သေးတယ်။ အဓိကကတော့ ကျွန် တော့်အရွယ်နဲ့ ကျောင်းသားပုံစံမျိုး ပေါ့နော်။ အဲဒါတွေ ရိုက်ဖို့တော့လို တယ်။ ကျွန်တော်ကား ရိုက်နားထား တာ တစ်နှစ်ကျော်သွားပြီ။ ဒီနှစ်ကုန် ပိုင်းလောက်ကျမှပြန်ရိုက်ဖြစ်မယ်နဲ့ တူတယ်။ ရိုက်ထားတဲ့ကားတွေက ဒီ နှစ်ကား ရုံတင်ပြီးသွားရင်တောင်မှ ၁ဝ ကားလောက် ကျန်သေးတယ်ဆို တော့ ထပ်ရိုက်လို့ရှိရင်လည်း ထပ် စောင့်နေရဦးမယ်။ အဲဒါကြောင့်နား ထားတာပါ”လို့ အားသစ်ကပြောပါ တယ်။

ကလေးသရုပ်ဆောင်ကနေ လူကြီးသရုပ်ဆောင်အဖြစ် ပြောင်း တဲ့အရွယ်ဆိုတော့ ကာရိုက်တာကို အံဝင်အောင် အဝတ်အစားနဲ့ ထိန်း နေရကြောင်း အားသစ်က ပြောပါ တယ်။ ပရိသတ်က ကိုယ့်ကို လူကြီးတစ်ယောက်အဖြစ်မြင်ပြီလားလို့ ဆို တော့…”မမြင်သေးပါဘူး။ ကျွန် တော်ကြီး လာမှတွေ့မယ်။ အခုမကြီး သေးဘူး(ရယ်လျက်)”လို့ ဆိုပါတယ်။ အားသစ်ရဲ့ သရုပ်ဆောင်နဲ့ ပတ် သက်ပြီး လေ့လာပြင်ဆင်မှုအပိုင်း၊ အတုယူရတဲ့အပိုင်းတွေအကြောင်းကိုလည်း မေးမြန်းဖြစ်သေးတဲ့အခါ …

”သင်ပေးတယ်လို့တော့ မရှိပါ ဘူး။ ရိုက်ကွင်းပေါ်ရောက်တော့မှ ဒါရိုက်တာပြောတာနဲ့ လုပ်ဖော်ကိုင်ဖက်တွေဝိုင်းပြောတာနဲ့ လေ့လာရ တာပေါ့။ ကိုယ့်ဘာသာကိုယ်တော့ အချိန်တိုင်းသင်နေရတာပဲလေ။ ဥပ မာပြောရရင် ကျွန်တော့်ဘာသာ ကျွန်တော်တစ်ခုခု အမှတ်မထင်ဖြစ် တာကို မှတ်ထားရတာပေါ့နော်။ ရိုက်ကွင်းပေါ်မှာ လက်တွေ့အခြေအ နေမျိုးမှာ ဘယ်လိုဖြစ်လဲဆိုတာကို ပြန်အသုံးချလို့ရတာပေါ့။ နေ့တိုင်း လုပ်နေသမျှကို ကိုယ့်ဘာသာကိုယ် တော့ သင်နေရတာပေါ့။ ကျွန်တော် ကတော့ စီနီယာအကုန်ပဲပေါ့။ တစ် ယောက်တည်းကို စံထားရတာတော့ မရှိပါဘူး။ လေ့လာတယ်။ သူတို့ဘယ် လိုလုပ်လဲကြည့်တယ်”လို့ အားသစ် က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here