ငါ့ကိုနမ်းတဲ့မုန်​တိုင်း ရုပ်​ရှင်​ဇာတ်​ကားနဲ့ ပတ်​သက်​ပြီး ရဲရင့်​အောင်​ အကယ်ဒမီ ရင်​ခုန်​သံ

0
598
 
အဆိုတော်​အဖြစ်​နဲ့ ပရိသတ်​တွေ အားပေးကြရုံသာမက သရုပ်​ဆောင်​တစ်​ယောက်​အဖြစ်​နဲ့ပါ ပရိ သတ်​တွေ လက်​ခံကြတဲ့ အနုပညာရှင်​ကတော့ ရဲရင့်​အောင်​ပါ။ လွှမ်းပိုင်​၊ ဖွေးဖွေးတို့နဲ့အတူ သူပါဝင်​သရုပ်​ဆောင်​ထားတဲ့ ငါ့ကိုနမ်းတဲ့မုန်​တိုင်း ရုပ်​ရှင်​ဇာတ်​ကားကြီးကလည်း အကယ်​ဒမီ ဆန်​ကာတင်​ ၂၅ ကား စာရင်းထဲ ပါလာခဲ့ပါတယ်​။ အကယ်​ဒမီနဲ့ ပတ်​သက်​ပြီးရဲရင့်​အောင်​ရဲ့ ရင်​ခုန်​စိတ်​လှုပ်​ရှားမှုကို မေးမြန်းကြည့်​ တဲ့ အခါ ”ကျွန်​တော်​ပါဝင်​သရုပ်​ဆောင်​ထားတဲ့ ငါ့ကိုနမ်းတဲ့မုန်​တိုင်း ရုပ်​ရှင်​ဇာတ်​ကားကြီးက ဆန်​ကာ တင်​ စာရင်းထဲမှာပါတယ်​ဆိုတာနဲ့ တင်​ ကျွန်​တော့အတွက်​ တော်​တော်​အဆင်​ပြေနေပါပြီ။ ကျန်​တာတော့ ကျွန်​တော်​ မမျှော်လင့်​ပါဘူး။ ဘာလို့ လဲဆိုတော့ ကျွန်​တော်​က အခုမှ စတဲ့ သူတစ်​ယောက်။ ပရိသတ်​တွေက ရ စေချင်​ကြတဲ့အတွက်​လည်း ဝမ်းသာ ပါတယ်​။ ဆန်​ကာတင်​စာရင်းထဲ လည်း ပါတယ်​။ ပရိသတ်​ကလည်း ရ စေချင်​ကြတဲ့အတွက်​ ပိုပျော်​ပါတယ်။ ကျွန်​တော့်​အတွက်​ ရင်​ခုန်​စိတ်​လှုပ်​ရှားမှုတော့ မရှိသေးပါဘူး” လို့ ပြော ပြပါတယ်​။
ရဲရင့်​အောင်​ကို အကယ်​ဒမီ ရစေချင်​တယ်​ဆိုတာကို ချစ်​သူဖြစ်​သူ ဧငြိမ်းဖြူက ” ညီမကလည်း သူ့ ကို ဘာပဲဖြစ်​ဖြစ်​ အကယ်​ဒမီရစေချင်​တယ်​။ ကိုယ်​ချစ်​တဲ့သူရတယ်​ဆိုရင်​တော့ ပျော်​မိမှာပါ။ သူ့သရုပ်​ဆောင်​ပိုင်းနဲ့ ပတ်​သက်​လို့ အဝတ်​အစား လေးတွေ ဒီလိုပုံစံမျိုး ဝတ်​ချင်​တယ်​ဆိုရင်​ နောက်​ကနေ စဉ်းစားပြီးတော့ သူ့ကို လုပ်​ပေးဖြစ်​တယ်​။ ညီမသူ့ရဲ့ ရှုတင်​တွေ လိုက်​သွားရင်​လည်း သူ သရုပ်​ဆောင်​တာတွေ ထိုင်​ကြည့်​ဖြစ်​တယ်​။ သူသရုပ်​ဆောင်​တာကောင်း တယ်​။ သူ့ကိုလည်း ညီမအကယ်​ဒမီ ရစေချင်​ပါတယ်” လို့ ပြောပြခဲ့ပါသေး တယ်​။ ၂ဝ၁၉ ထဲမှာ သီချင်းခွေသစ်​ထွက်​ဖြစ်​မယ်​ ဆိုတာကိုလည်း ရဲရင့် အောင်​က ”ကျွန်​တော်​ ၂ဝ၁၉ ထဲမှာ သီချင်းခွေ ထွက်​ဖြစ်​မယ်​။ ကျွန်​တော်​ ရိုက်​ကူးထားတဲ့ ဇာတ်​ကားကလည်း ၂ဝ၁၉ ထဲမှာ ရုံတင်​ဖြစ်​မယ်​။ ကျွန်​တော်​ ပြီးခဲ့တဲ့လက သီချင်းအခွေ သစ်​ထွက်​ဖြစ်​ဖို့အတွက်​ကို အဲဒီလ မတိုင်​ခင်​ကတည်းက ကျွန်​တော်​ ကြိုး စားနေတယ်​။ အဲဒီအချိန်​မှာ ဇာတ်​ကားရိုက်​က ပေါ်လာတယ်​။ ဇာတ်​ကားနှစ်​ကား ရိုက်​စရာပေါ်လာလို့ ကျွန်​တော်​ ရိုက်​ဖြစ်​လိုက်​တယ်​။ အဲဒီ ကားရိုက်​ပြီးသွားတော့ အခွေဘက်​ကို ကျွန်​တော်​ ပြန်​လုပ်​ဖြစ်​တယ်​။ကျွန်​တော့်​ပရိသတ်​တွေက ကျွန်​တော့်​ကို သီချင်းခွေသစ်​ မထွက်​သေး ဘူးလား။ သီချင်းသစ်​တွေ နားမ ထောင်​ရသေးဘူးလို့ ပြောကြတယ်​။ တကယ်​တမ်း ကျွန်​တော်​လည်း ပရိ သတ်​တွေထက်​ ပိုပြီးတော့ သီချင်း ခွေကို မြန်​မြန်​ထွက်​ချင်​ပါတယ်​။ တခြားသော ကျွန်​တော့်​ဘဝမှာ ကျွန်​ တော်​ပြောပြလို့မရတဲ့ အကြောင်းအ ရာတွေက ကျွန်​တော်​ကို ဆွဲချတယ်​။ ကျွန်​တော်​ အခွေထွက်​ဖို့ ကြိုးစားနေ ရတယ်​။ ကျွန်​တော်​ အမြန်​ဆုံးထွက်​ဖြစ်​မှာပါ။ သင်္ကြန်​ပြီးလောက်​ထွက်​ဖြစ်​မှာပါ” လို့လည်း ရဲရင့်​အောင်​က ပြောပြခဲ့ပါသေးတယ်​။
ခိုင်​ဝါဝင်း
ဓာတ်​ပုံ – ဇော်ဝင်းအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here