လက်ရေးမူ

0
491

လက်ရေးမူတစ်ခုကို ကျွန်တော် ဖတ်ရတယ်။ လက်ရေးမူကို မင်အ နက်ရောင်နဲ့ ရေးထားတာ။ လက်ရေး မူဟာ မြန်မာဘာသာနဲ့။ လက်ရေးမူ မှာ နိုင်ငံခြားအမည်နာမတွေပါတယ်။ ကျွန်တော့်အထင် အဲဒီအမည်တွေ ဟာ စာရေးဆရာတွေဖြစ်ကြမှာပဲ။

လက်ရေးမူထဲမှာ ဖျက်ရာတချို့ပါ တယ်။ ဒါဟာ မှန်ပါတယ်။ စာလုံး တွေဟာ တစ်ခါတလေ အဲဒီလိုဖျက် ရာထဲကို ရောက်သွားတတ်တာပဲလေ။

ဒါပေမဲ့ ကံကောင်းတာတစ်ခုက အဲဒီဖျက်ရာဘေးမှာ မြားပြပြီး စာလုံး အချို့ကို ရေးထားတာပါပဲ။ လက်ရေး မူဟာ ဘယ်လိုနေရာမှာ အသုံးဝင် သလဲ။ ကျွန်တော်ခန့်မှန်းရရင်တော့ ဒီလက်ရေးမူဟာ ပုံနှိပ်ဖော်ပြဖို့ရေး သားထားတာဖြစ်ရမယ်ဆိုတာပဲ။ ကျွန်တော်ဟာ ကလီယိုပက်ထရာရဲ့ နှာတံကြောင့် ကမ္ဘာ့သမိုင်းကွေ့ ကောက်သွားရဖူးတယ်ဆိုတာမျိုးကို ဖတ်ခဲ့ဖူးတယ်။ ကျွန်တော်မယုံဘူးပဲ ထားလိုက်ဦး၊ အဲဒါက တကယ့်အဖြစ် အပျက်တွေလေ။ ခုကျွန်တော်မြင် တွေ့ရတဲ့ လက်ရေးမူဟာ မအောင် မြင်သေးတဲ့ စာရေးဆရာတစ်ယောက် ရဲ့ လက်ရာပဲဖြစ်ဖို့ များပါတယ်။

ကျွန်တော်ထင်တာသာ မမှားဘူးဆို ရင် သူဟာ နွမ်းပါးပြီး ငွေကြေးပြတ် လပ်နေချိန်မှာ ရေးခဲ့တာ။ ကိုယ့်ရဲ့ လက်ချောင်းတွေကိုက ညွတ်လိုသ ဘောထားပြီး စုပ်ရင်း အငတ်စိတ်ကို အာသာဖြေရတယ်ဆိုတဲ့ အရေးအ သားကိုလည်း ကျွန်တော်ဖတ်ခဲ့ဖူး တယ်။ အခုလက်ရေးမူထဲမှာ ဆင်မျူ ရယ်ဆိုတာကို မြားခေါင်းပြပြီး ဖြည့် ထားတယ်။ လက်ရေးမူဟာ ကျွန် တော်ရဲ့ စုဆောင်းမှုပါ။ ကျွန်တော့် ရဲ့ ပိုင်ဆိုင်မှုပါ။ လေထဲမှာ လွင့်ကျ လာတဲ့စာရွက်တစ်ရွက်ကို ကောက် ယူရင်း ရရှိခဲ့တာ။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here