ကလေးနှစ်ယောက် ရှိလာပြီဆိုတော့ နှစ်ဆပို အလုပ်လုပ်ရတော့မယ် ဆိုတဲ့ သားစိုး…

0
135

သားစိုးနဲ့ မထက်ထက်ခိုင်တို့ရဲ့ ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က Women Center မှာ မွေးဖွားခဲ့ပါတယ်။ သမီးလေးက ၈ ပေါင်နဲ့ ၁၂ အောင်စ ရှိပြီးကျန်းမာပါ တယ်။ သားစိုးကတော့ သားတစ် ယောက် သမီးတစ်ယောက်ရပြီဖြစ် တာကြောင့် မိသားစုဘဝက ပြည့်စုံ ပြီဖြစ်တဲ့အတွက် ကလေးထပ်မယူ တော့ဘူးလို့ ပြောလာပါတယ်။
သူက အရင်ကတည်းက သမီး လေးလိုချင်ခဲ့တာဖြစ်ပြီး တကယ် တမ်းရရှိခဲ့တဲ့အချိန်မှာတော့ သား တစ်ယောက် သမီးတစ်ယောက်လို ချင်တဲ့ သူ့ရဲ့လိုအင်ဆန္ဒတွေ ပြည့်စုံ ခဲ့ပြီလည်း ဖြစ်ပါတယ်။

“သားတစ်ယောက် သမီးတစ် ယောက်ဆိုတော့ သူတို့ဘာသာသူ တို့လည်း ထိန်းသွားကြမယ်လေ။ သူ တို့အတွက်လည်းကောင်းသလို ကိုယ့် အတွက်လည်းကောင်းတယ်။ သမီး လေးကို တချို့ကလည်း ကျွန်တော်နဲ့ တူတယ်လို့ပြောတယ်။တချို့ကလည်း သူတို့အဘွားတွေနဲ့တူတယ်လို့ ပြော တယ်။ ကျွန်တော့်အမြင်ကတော့ နှစ် ဖက်လုံးက အဘွားနဲ့ နည်းနည်းဆင် ပါတယ်။ အခုကလေးကနှစ်ယောက် ရှိလာပြီဆိုတော့ နှစ်ဆအလုပ်ပိုလုပ်ရ မှာပေါ့လေ။ ဒီခေတ်ကလည်း ကုန် ကျစရိတ်ကများတယ်ဆိုတော့လေ အလုပ်ပိုကြိုးစားရမယ်။ ရှိပြီးသား စီးပွားရေးလုပ်ငန်းတွေကို ထပ်ချဲ့ မယ်” လို့ သမီးလေးနဲ့ပတ်သက်လို့ သားစိုးက ပြောပြပါတယ်။

သားစိုးက သားဖြစ်သူ ပန်းသီးလေးမွေးဖွား တုန်းကလည်း ဦးနှောက်ဖွံ့ဖြိုးမှု အ ပိုင်းကို အဓိကထားလုပ်ဆောင်ပေးခဲ့ သလို သမီလေးကိုလည်း ဦးနှောက် ဖွံ့ဖြိုးမှုပိုင်းကို ဂရုတစိုက်နဲ့ လုပ် ဆောင်ပေးသွားမယ်လို့ ပြောပါ တယ်။

လင်းအက္ခရာ ၊

ဓာတ်ပုံ – အောင်နိုင်စိုး

 


LEAVE A REPLY

Please enter your comment!
Please enter your name here