မြန်မာနိုင်ငံရဲ့ ပထမဆုံး Zombie ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးခဲ့တဲ့ လူငယ်ဒါရိုက်တာထွဋ်တင်ထွန်း

0
205

Toxic (အဆိပ်သွေး) ရုပ်သံ ဇာတ်လမ်းတွဲကတော့ ထူးခြားတဲ့ တင်ဆက်မူတွေနဲ့ ပရိသတ်အကြိုက် တွေ့ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပါတယ်။ Toxic (အဆိပ်သွေး) ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ပြီး ရင်ထဲမှာ စွဲကျန်ခဲ့တဲ့ ပရိသတ်တွေ အတွက် လက်ရှိမှာ Toxic (အဆိပ် သွေး) ရုပ်သံဇာတ်လမ်းတွဲ Season 2ကိုလည်း Cannel Plus မှာ ထုတ် လွှင့်ပြသနေပြီဖြစ်ပါတယ်။Toxic (အဆိပ်သွေး) Season 2 နဲ့ပတ် သက်ပြီး ထူးခြားမှုတွေကိုလည်း ရိုက် ကူးပုံဖော်ခဲ့တဲ့ လူငယ်ဒါရိုက်တာ ထွဋ်တင်ထွန်းက ခုလိုပြောပြခဲ့ပါ တယ်။

“Season 1 ပြီးသွားတဲ့အချိန် မှာ ပရိသတ်ရဲ့ Feedback ရယ်၊ ပြီး တော့ Season 1 တုန်းကလည်း Season 2 အတွက် ချန်ခဲ့တဲ့ ဇာတ် လမ်းနဲ့ရိုက်ဖြစ်တာပါ။Season 2 ကိုလည်း Season 1 ထက်ကောင်း အောင်တော့ ကြိုးစားထားပါတယ။် ကျွန်တော်တို့လည် အကောင်းဆုံးက ကြိုးစားထားတဲ့အတွက် ကြည့်တဲ့ ပရိသတ်တွေလည်း Season 1 နဲ့ မတူတဲ့ ရသတစ်ခုရမယ် ပိုကောင်း မယ်လို့လည်း မျှော်လင့်ပါတယ်။ Season 1 တုန်းကတော့ များသော အားဖြင့် ကျွန်တော်တို့ အငြိမ်လေး တွေသွားတယ်။ ဇာတ်လမ်းနဲ့ ဆွဲခေါ် သွားတာရှိတယ်။ Season 2 ကို လည်း မတူတဲ့ပုံစံလေးတွေနဲ့ ရိုက် ထားပါတယ်။ ဒီ Season 2 ကတော့ မြန်မာနိုင်ငံအတွက်ရော Cannel Plus အတွက်ရော ပထမဆုံး Zombie ရုပ်သံဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
ပရိသတ်လက်ခံအားပေးတဲ့ ဒါရိုက် တာတစ်ယောက်ဖြစ်လာဖို့ ကိုယ်တိုင် ကြိုးစားလာခဲ့ရတဲ့ အကြောင်းကို လည်း ဒါရိုက်တာ ထွဋ်တင်ထွန်းက …

“MMDC မှာ ပညာသင်ခဲ့ တယ်။ ကျွန်တော် ဆရာ ကိုစိုးသူရ နဲ့အတူ Forever group မှာ အလုပ် ဝင်တော့ ဒီလုပ်ငန်းထဲကဘဲ သင် သွားတာပါ။ လက်ထောက်ဒါရိုက် တာအနေနဲ့လုပ်ခဲ့တယ်။ သင်ယူတာ ကတော့ အကုန်လုံးဆီက သင်ရတာ ပေါ့။ ဖြစ်ချင်တာတွေကို ကြိုးစားပြီးလုပ်ရင်နဲ့ဘဲဖြစ်လာတာပါ။ အခက် အခဲတွေကတော့ ရှိခဲ့တာပေါ့။ အများကြီးဘဲ။ ကျွန်တော်တို့ကိုယ် တိုင်ကလည်း အနုပညာနယ်ပယ်နဲ့ အစိမ်းသက်သက်ကြီးဖြစ်တယ်။ ခုလို ပရိသတ်လက်ခံတယ်ဆိုတာလည်း စီနီယာတွေရဲ့ သင်ပြမှုတွေနဲ့ဖြစ်လာ တာပါ။ ဆရာတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့လည်း ပြော ပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here