လိမ္မော်​သီးရဲ့ ညီမဖြစ်​ရတာ တအားကံကောင်းတယ် ဝေလာရီ်

0
273

မျက်​ဝန်းညို သီချင်းလေးနဲ့ ပရိသတ်​တွေရဲ့ စိတ်​ဝင်​စားမှုကို ရရှိလာတဲ့ ဝေလာရီကတော့ အနုပညာနဲ့ ပတ်​သက်​ပြီး နောက်​ထပ်​အများကြီး ထပ်​လုပ်​သွား ဖို့ အစီအစဉ်​ရှိတယ်​လို့ ဆိုပါတယ်​။ ဝေလာရီကတော့ အနုပညာလောကထဲက အဆိုတော်​ လိမ္မော်​သီးရဲ့ ညီမလည်း ဖြစ်​ပါတယ်။ မျက်​ဝန်းညိုသီချင်းသီဆိုတုန်း ကလည်း အစ်​မဖြစ်​သူ လိမ္မော်​သီးက အများကြီးသင်​ပေးတယ်​လို့လည်း ဝေလာရီကက ပြောပြပါတယ်​။ အစ်​မတစ်​ယောက်​ရှိတာ တအား အားကိုးရတယ်​ဆိုတဲ့ အကြောင်းကိုလည်း…

“အစ်​မတစ်​ယောက်​ရှိ တာ တော်​တော်​ကံကောင်းတယ်​။ အရွယ်​ရောက်​လာလေ ပိုသိ လေ။ အစ်​မက သူငယ်​ချင်းလိုလည်း ပေါင်းလို့ရတယ်​။ ညီအစ်​မလို့လည်း ပေါင်းလို့ရတယ်​။ ညီအစ်​မနှစ်​ယောက်​စလုံးက အိမ်​မှာဆိုရင်​လည်း တအားရောတာ။ ရန်​ဖြစ်​တာလည်း ရှားတယ်။ ညီမက အစ်​မကို ပွတ်​သီးပွတ်​သပ်​နေတာများတယ်​။ ညဘက်​တွေဆိုရင်​ မမအခန်းထဲသွားပြီးတော့ ဖုန်းသွားသုံးတယ်​။ မမက မောင်းထုတ်​တယ်​။ မောင်းထုတ်​လည်း မသွားဘူး။အစ်​မတစ်​ယောက်​ရှိတာ ပျော်​ဖို့လည်း တအားကောင်း တယ်​” လို့ ပြောပြပါတယ်​။ သရုပ်​ဆောင်​တာရော၊ အဆို ပိုင်းကိုရော လုပ်​သွားဖို့ အစီအစဉ်​ရှိသေးတယ်​ဆိုတာကို လည်း…

“ညီမက ၂ဝ၁၉ ထဲမှာ သရုပ်​ဆောင်​အပိုင်း ရော၊ အဆိုပိုင်းရောအများကြီးလုပ်​သွားဖို့ရှိတယ်​။ သရုပ်​ဆောင်​ပိုင်း အနေနဲ့ MRTV-4 နဲ့ နှင်းဆီဆိုတဲ့ ဇာတ်​လမ်းတွဲကို အခု ၂ဝ၁၉ ထဲမှာ ရိုက်​ကူးဖို့ရှိတယ်​။ သင်္ကြန်​နားလည် နီးလာပြီဆိုတော့ အစ်​မနဲ့ပေါင်းပြီးတော့ သင်္ကြန်​သီချင်းလေးတစ်​ပုဒ်​ကိုလုပ်​ထားတယ်​။ သီချင်းလေးက အမြူးလေး၊ မတ်​လထဲမှာ ထွက်​ဖြစ်​မယ်​။ ပြီးရင်​ ညီမ Mini Album လည်း ထွက်​ဖို့ရှိတယ်​”လို့ ဝေလာရီက ပြောပြခဲ့ပါသေး တယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ- မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here