ထူးဆန်းတဲ့ ဇာတ်ရုပ်ကို ပို ပြီး သ ရုပ် ဆောင် ချင် ပါ တယ် လို့ဖွင့်ဟလိုက်တဲ့ သရုပ်ဆောင် မေမီကိုကို

0
352

ရုပ်သံဇာတ်လမ်းတွဲတွေမှာ ကာရိုက်တာမျိုးစုံကို ပီပြင်အောင် သရုပ် ဆောင်နိုင်မှုကြောင့် ပရိသတ်ချစ်ခင်အားပေးမှုရရှိလာသူကတော့ သရုပ် ဆောင် မေမီကိုကိုပါ။ သူကတော့ လက်ရှိ Cannel Plus မှာ ထုတ်လွှင့်ပြသ လျက်ရှိတဲ့ အဆိပ်သွေး (Toxic )Season-2 မှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ သူ့ရဲ့ ပါဝင်သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး …

“Toxic Season-1 တုန်းကလည်း အရမ်းကို ပါဝင်ခွင့်ရ ချင်ခဲ့တယ်။ ဒါပေမဲ့ မေမီ တခြားကားမှာပါသွားတဲ့အတွက် ပါဝင်ခွင့်မရခဲ့ဘူး။ ခု Season-2 မှာ ပါဝင်ခွင့်ရခဲ့တယ်ပေါ့။ ဒီဇာတ်လမ်းတွဲကတော့ တကယ်ကို တခြားကားတွေနဲ့ မတူဘူး။ Zombie ကားလည်းဖြစ်တော့ မေမီအရမ်းစိတ်ဝင် စားတယ်။ ထူးထူးဆန်းဆန်းကားဆို အရမ်းရိုက်ချင်တယ်။ မေမီရိုက်သမျှကား တွေမှာ ဒရာမာကားတွေ မြန်မာဆန်တဲ့ မြန်မာကားတွေများတယ်။ ဒီကားမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာပါတယ်။ နောက်ထပ်လည်း ကာရိုက်တာတွေ အများကြီး သရုပ်ဆောင်ချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ မြန်မာဇာတ်လမ်းတွဲကို မြန်မာပရိသတ်အားပေးလာတဲ့အတွက် သူ့ရဲ့ခံစားမှု ကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ …

“မေမီ ကိုယ်ရဲ့Post အောက်က comment လေးတွေ ဝင်ကြည့်ဖြစ်တယ်။ ပရိသတ် တွေက ဇာတ်လမ်းတွဲတွေ အားပေး လာကြတာ တွေ့ရတယ်။ သူတို့ က ကိုးရီးယား ဇာတ်လမ်းတွဲတွေ တောင် သိပ်မကြည့်ဖြစ်ဘဲ မြန်မာဇာတ်လမ်းတွဲတွေ အား ပေးလာကြတယ်။ ဇာတ်လမ်းတွဲ တွေမှာဆိုရင် သူ့နေရာနဲ့သူ လုပ် ကွက်ရတဲ့သူတွေ အများကြီးရှိတယ်။ မေမီတို့လို မျက်နှာသစ်တွေ အတွက်လည်း အခွင့် အရေးတွေ အများကြီး ရပါတယ်။ ဇာတ်လမ်း တွဲတစ်ခု လာပြီဆိုလို့ ရှိရင်လည်း သိပ် အခန်းမပါတဲ့သူတွေ က အစ ပရိသတ်က သတိထားမိကြတယ်။ သရုပ်ဆောင်တွေ အတွက်လည်း အရမ်းကောင်း ပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here