‘သာလီစွ’ သီချင်း Music Video ကို အမြန်ဆုံး ထွက်ချင် နေပြီဆိုတဲ့ သားငယ်

0
220

ညီမင်းခိုင်ရယ်၊ မင်းသွေးရယ်၊ သား ငယ်ရယ် သုံးယောက်သီဆိုထားတဲ့ ‘သာ လီစွ’ဆိုတဲ့ သီချင်း Music Video ရိုက် ကူးနေတဲ့အကြောင်း သားငယ်ကိုမေးဖြစ် တော့ …

“Music Video လေး တစ်ပုဒ်ပေါ့နော်။ ‘သာလီစွ’ ဆိုတဲ့ သီချင်း လေးတစ်ပုဒ်ပါ။ ကျွန်တော်ရယ်၊ ကိုမင်း သွေးရယ်၊ ကိုညီမင်းခိုင်ရယ် ၃ ယောက် ဆိုထားတဲ့ သီချင်းလေးပေါ့နော်။ ကျွန် တော်တို့ ရခိုင်ပြည် နယ်ကိုဖိတ်ခေါ်တဲ့ သီချင်းလေးပေါ့နော်။ အရမ်းလည်း ချစ်စရာကောင်းပါတယ်။ အဲဒါလေးကို ကျွန်တော်တို့ ရိုက်ကူးရေးထွက်ပြီးတော့ ရိုက်နေတာပေါ့နော်။ ရခိုင်ပြည်နယ် တော်တော်များ များစုံပါတယ်”လို့ သူက ပြောပါတယ်။ မင်းသွေး မရှိတော့တဲ့ အတွက် ညီမင်းခိုင်ရယ်၊ သားငယ်ရယ် နှစ်ယောက်ပဲ ရိုက်ကူးဖြစ်နေပေမယ့် မင်းသွေးရဲ့ ရုပ်ကဒ်လေးတွေ ကိုတော့ သူ့မိသားစုဆီကနေတောင်းပြီး ညှပ်သုံးသွား မယ်လို့ သားငယ်က ပြောပါတယ်။ ဘယ်တော့ထွက်မလဲ ဆိုတာကိုတော့ သားငယ်က …

“ထွက်ချင်တာကတော့ အမြန်ဆုံးထွက်ချင်နေပြီ။ ဒါပေမဲ့ တချို့အပိုင်းလေးတွေ မှာ အရမ်းလောလို့ မကောင်းတဲ့အပိုင်းလေးတွေရှိတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် မြန်မြန်လုပ်ပေမယ့် အချိန်မြန်တယ်ဆိုတာထက်လေ၊ ကွာလတီလျော့မှာစိုး တယ် ပေါ့နော်။ ဥပမာ- Mixing ပိုင်းတို့ဘာတို့ကျ တော့ Mixing ဆွဲတဲ့သူကို နည်းနည်းစိတ်ရှည် လက် ရှည်လေး ဆွဲနိုင်အောင် သူ့ကို အချိန်ပေးထားတယ်။ အမြန်ဆုံးတော့ထွက်ချင်ပါတယ်။ ကျွန်တော်တို့ဘက်က အကုန်လုံး Complete ဖြစ်တာနဲ့ ထွက်မှာပါ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင် ၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here