ဟန်ထူးလွင်ရဲ့ Bipolarbear T Shirt မိတ်ဆက်

0
239

အဆိုတော် ဟန်ထူးလွင် (Big Bag) ဖန်တီးထုတ်လုပ်ထားတဲ့Bipolarbear T Shirt မိတ်ဆက်ပွဲ ကို ဖေဖော်ဝါရီ ၂၄ ရက်က မန္တလေး မြို့၊ ၇၁ လမ်း၊ ၃၁ လမ်းနှင့် ၃၂လမ်း ကြားရှိ 12 Hours Restaurant ၌ ကျင်းပခဲ့ပါတယ်။

“ဒီနေ့ ပွဲအတွက် တော်တော် excited ဖြစ်ရတယ်။ မန္တလေးက ပရိသတ်ကို ကျွန်တော်ပြောချင် တာက ဒီနေ့မိတ်ဆက်တဲ့ T shirt က ဒီမှာစဖြန့်တာပါ။ ကျွန်တော်က Show ပွဲတွေ ပွဲလုပ်ဖြစ်ရင် အခြေ အနေကြောင့် မန္တလေးမှာစပြီး မ လုပ်ဖြစ်ဘူး။ အဲဒါကြောင့် ဒီမန္တလေး က ပရိသတ်တွေက ခွေထွက်မှပဲ ကြည့်ရတယ်။ အသင်းအဖွဲ့နဲ့ လုပ်ရ တာမဟုတ်ပဲ ကျွန်တော်တစ်ယောက် ထဲလုပ်ရတာတွေကို မန္တလေးကိုလာ ပြီးစပြီး မိတ်ဆက်ပါတယ်။ အချိန် ခဏအတွင်းမှာ မန္တလေးက ပရိသတ် တွေ ကျွန်တော်ကို လာအားပေးကြ တဲ့အတွက် အလွန်ဝမ်းသာပါတယ်” လို့ ဟန်ထူးလွင်က ပြောပါတယ်။

Bipolarbear မိတ်ဆက်ပွဲလေး မှာ ကျားပေါက် (ဟန်ထူးလွင်)ကိုယ် တိုင်ဖန်တီးရေးဆွဲထားပြီး Art Print လုပ်ပေးထားတဲ့ Doodle sheet လေးတွေကိုလည်း ပန်းချီကားတစ်ခု အနေနဲ့ပိုင်ဆိုင်နိုင်မယ့်အပြင် အထူး ဈေးနှုန်းလေးတွေနဲ့ T shirt design အသစ်လေးတွေကို မိတ်ဆက်ရောင်း ချခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here