ဟင်းချက်​ကောင်းတဲ့ လူပျိုကြီး ခန့်စည်သူအကြောင်း ပြေတီဦး ပြော . . .

0
490

ဇာတ်ရုပ်တိုင်းကို ပီပြင်​နိုင်​အောင်​ သရုပ်​ဆောင်​မှုတွေကြောင့်​ ပရိသတ်​တွေရဲ့ အားပေးမှုကိုလက်​ခံရရှိထားတဲ့ ပြေတီဦးကတော့ ‘လူလည်​ကြီးများရွာ’ ရုပ်​ရှင်​ဇာတ်​ကားကြီး မှာ ခန့်​စည်​သူ၊ ခိုင်​သင်းကြည်​၊ အိချောပိုတို့နဲ့အတူတူ ပါဝင်​သရုပ်​ဆောင်​ထားပါတယ်​။

“ကျွန်​တော်​က ရွာလေးတစ်​ရွာကို သွားပြီးတော့ ဆေးဆိုင်​တစ်​ဆိုင်​ဖွင့်​တယ်​။ အိချောပိုနဲ့က ဒီဇာတ်​ကားမှာ ဇနီးမောင်​နှံတွေ။ အဲဒီရွာလေးမှာ လင်​မယားနှစ်​ယောက်​ဆေးသွားရောင်းတယ်​။ အဲဒီရွာကိုသွားပြီးတော့ လူလည်​ကျထားတဲ့ ကာရိုက်​တာနေရာကနေ ပါဝင်​ပြီးတော့ သရုပ်​ဆောင်​ထားတယ်​”လို့ ပြေတီဦးက ပြောပြပါတယ်​။ ဇာတ်​ကားရိုက်ကူး နေရင်းနဲ့ ခန့်​စည်​သူရဲ့ မွေးနေ့နဲ့ ကြုံတဲ့အတွက်​ ခန့်​စည်​သူက ဟင်းတွေချက်​ကျွေးခဲ့တဲ့အကြောင်း ကိုလည်း အခုလိုပြောပြပါတယ်​။

“ကျွန်​တော်​တို့ ရိုက်​ကူးတဲ့ အချိန်​တုန်းက မိုးတွင်းဘက်​ကြီး၊ မိုးရွာတာကို လုလုပြီး ရိုက်​ရတယ်​။ ရှုတင်​တည်​လိုက်​၊ မိုးရွာလိုက်​၊ ရှုတင်​တည်​လိုက်​၊ မိုးရွာလိုက်​၊ တိတ်​မယ်​ထင်​လိုက်​၊ မတိတ်​လိုက်​နဲ့ ဖြစ်​နေတယ်​။ မိုးတွေရွာနေတော့ ရိုက်​လို့မရတဲ့အချိန်​မှာ ကိုခန့်​ ကြီး (ခန့်​စည်​သူ)က ဟင်းတွေချက်​ပြီးတော့ ကျွေးတယ်​။ ရှုတင်​မှာ ချက်​ကျွေးတဲ့ ဟင်းတွေအပြင်၊ ကိုခန့်​ချက်​ကျွေးတဲ့ ဟင်းကို စားရတာ တအားအရသာရှိတယ်​။ ကိုခန့် (ခန့်​စည်​သူ)က ဟင်းချက်​တအား ကောင်းတယ်​။ ပြီးတော့ သူ့မွေး နေ့နဲ့ ရှုတင်​မှာက တစ်​ရက်​တည်းကျတော့ မုန့်​ဟင်းခါးတွေ အိုးလိုက်​ကြီးချက်​ကြတယ်။ ချက်​ပြီးတော့ တစ်​ဖွဲ့လုံးစားကြတယ်​။ ပျော်​စရာကြီး၊ အလှူအတန်း တွေလည်း တစ်​ဖွဲ့လုံးစုပြီး လုပ်​ကြတယ်​” လို့လည်း ပြောပြပါတယ်​။

‘လူလည်​ကြီးများရွာ’ ရိုက်​ကူးနေတုန်း အမှတ်​တရ တွေ ရှိခဲ့တဲ့အကြောင်းကိုလည်း ပြေတီဦးက အခု လိုပြောပြခဲ့ပါသေးတယ်​။
ဒီ ‘လူလည်​ကြီးများရွာ’ ရုပ်​ရှင်​ ဇာတ်​ကားမှာ ဒါရိုက်​တာကိုပေါက်​ရွေးထားတဲ့ လိုကေးရှင်းလည်း ဇာတ်​ကားနဲ့ တအား လိုက်​ဖက်​မှုရှိတယ်​။ အဲဒီရွာမှာရှိတဲ့ ပရိသတ်​တွေကလည်း ရှုတင်​ရိုက်​ကွင်းကို သိပ်​မကြုံဖြစ်​ဘူး။ ပရိသတ်​တွေက တအား အားပေးကြတယ်​။ ပရိသတ်တွေ တအားများတော့ နည်းနည်းညှိနှိုင်းပြီး ယူရတာ တွေတောင်​ ရှိတယ်​။ အသံနည်းနည်းတိုးပေးပါ၊ လူနည်း နည်းရှင်းပေးပါဆိုပြီး ညှိယူရတယ်။ ပရိသတ်​တွေက စကားလည်း နားထောင်​တယ်​။ တကယ်​ချစ်​ဖို့လည်း ကောင်းတယ်​လို့လည်း ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း
ဓာတ်​ပုံ- အောင်​ဇော်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here