ဆောင်းရက်တွေ

0
182

လူ တစ်ယောက်ရဲ့ ဆောင်းရက် တွေ။

လူတစ်ယောက်ရဲ့ ဆောင်းရက် တွေဟာ အေးစိမ့်မှုနဲ့ တစ်ကိုယ်တည်း ဖြစ်ခြင်းသာ။ မြောက်ပြန်လေသွေး တော့ အေးစိမ့်ရပေါ့လို့ ဆိုချင်။ ဆောင်းရက်အေးစက်စက်ထဲတွင် ငါ တော့ အိပ်စက်လို့သာပင်။ ငါအကြာ ကြီးအိပ်စက်မယ် ဆောင်းရက်တွေထဲ ဝယ်။ ငါအိပ်ပျော်သွားရင် မီးကိုမှိတ် လိုက်ပ၊ မှောင်ထဲမှာ ငါအိပ်စက်ရ၊ ငါအသက်ရှုသံတခူးခူးကို နံရံထက် အိမ်မြှောင်မှအပ ဘယ်သူမှ မကြား ရ။ အိပ်စက်မယ်၊ ငါအိပ်စက်မယ် လူ တွေ ငါ့ကို မေ့လျော့သွားတဲ့အထိ ကွယ်။ နေလယ်ခင်းဆို ရေခဲတွေ အရည်ပျော်ကြ။ ညအမှောင်ရောက် တော့ ရေတွေ ခဲပြန်ပေါ့။ လူခေါ် ခေါင်းလောင်းဟာ တိတ်ဆိတ်လို့သာ။ ငါအိပ်စက်နေတာ။ နံရံဟနေတဲ့ အပေါက်က အမြီးပွနဲ့ သတ္တဝါဝင် ရောက်လာ။ ငါ့ကို မနှောက်ယှက်ကြ နဲ့။ ငါအိပ်နေတယ်ကွဲ့။ နေလုံးဟာ အနောက်ကျွန်းဆီ ဝင်ရောက်ငုပ်လျှိုး သွား။ ငါ့အသက်ရှုသံဘယ်သူမှမ ကြား။ နှင်းများ တဖွဲဖွဲကျဆင်းလာ။ လမ်းမတို့ အေးစက်လို့သာ။ မြေပုံ အညွှန်းထဲ ဖော်ပြထားတာက ငါအိပ် စက်နေရာလွှဲ။ နှင်းများ ထူထပ်သိပ် သည်း၊ အေးစက်နေတဲ့ အမှောင်ထု ကြီး။ ရေတွေခဲပြန်ပြီလေ။ အေးစက် စက်ဆောင်းရဲ့ညတွေ။ ငါအလုပ်ပြီး ပြီ။ ငါညစာစားပြီးပြီ။ ငါကျမ်းစာဖတ် ပြီးပြီ။ ငါအဝတ်ထူထူကြီးဝတ်ပြီးပြီ။ ထို့ကြောင့် ငါအိပ်စက်နေပါမည်။ ယုဂဂန္ဓိုရ်တောင်ထွဋ်များမှာ ရထား ယာဉ်သာ နေစကြာလှည့်လည်ပြီ။ ရောင်ခြည်တစ်ထောင်အလင်း ဆောင်၍ အမှောင်ကို ခွင်းပြီ။ နှင်းခဲ တို့ ပျော်ကျပြီ။ ကျေးငှက်သံကျာကျာ ကျီကျီ။ သို့ပါသော်လည်း ငါအိပ်နေ ပါမည်။ စက်နာရီဟာ တရွေ့ရွေ့သွား၊ နေဟာထန်းတဖျား၊ ကျီးကန်းတွေ မြည်ပြန်ပေါ့တအားအား။ လူတွေ အိမ်ရာမှ ထွက်ကာလမ်းသလား။ စက်တပ်ယာဉ်တွေ တဒီးဒီး မြည်ကာ ရွေ့လျား။ လေဟာနွေးလို့၊ ကလေး တွေ တခစ်ခစ်ရယ်လို့၊ ခွေးကလေး တဝုတ်ဝုတ်ဟောင်လို့။ တံခါးဖွင့်သံ ဟာ ကျွီ …ကနဲမြည်လို့။ ငါက တော့ အကြာကြီးကို အိပ်စက်လို့။

(အထက်ပါ အရေးအသားသည် နေမျိုး၏ ရေးဟန်တစ်ခုဖြစ်သည်။ သူသည် ကဗျာရော စကားပြေပါ ရေးသားသူဖြစ်ပြီး ယခုအရေးအသား တွင် ကဗျာဟန်တစ်ဝက် စကားပြေ ဟန်တစ်ဝက်ပေါင်းစပ်ထား ကြောင်း ကို တွေ့နိုင်သည်။ သူသည် အေးစက် ခြင်း (သို့မဟုတ်) ဆောင်းရာသီကျရောက်ခြင်းကို သင်္ကေတအဖြစ် ယခင်က သူ၏စာပေလက်ရာများထဲတွင် အသုံးပြုခဲ့သော်လည်း ယခုစာ ပေလက်ရာမှာမူ ထိုသို့မဟုတ် ကြောင်း အကဲဖြတ်နိုင်သည်။ သူသည် ငြိမ်သက်ခြင်း တိတ်ဆိတ်ခြင်း အေးခဲခြင်းတို့၌ အာရုံကျက်စားနိုင် သူဖြစ် ကြောင်း ယခုစာပေလက်ရာက ဖော်ပြနေသည်။ သူ့ကိုဘဝက ညွှန်ပြသည့်အတိုင်း စာရေးသား သူတစ်ယောက်ဟု ဆိုကောင်း ဆိုနိုင် သည်။ ၁၉၉ဝ မှ စတင် ရေတွက်လျှင် သူ၏စာရေး သက်မှာ နှစ် ၃ဝ ခန့် သို့ ရောက်ရှိ လာခဲ့ပြီဖြစ်သည်ကို တွေ့ရ သည်။ နှစ် ၃ဝ နှင့် ထိုက်တန် သော ရေးဟန်ကို သူပိုင်ဆိုင်ထား သည်ဟုလည်း ရည်ညွှန်းလိုသည်။ သို့ရာတွင် သူ၏လူငယ်ဘဝ က စာရေးဟန်ကိုသာ ပို၍အလိုရှိ နှစ်ခြိုက်သော စာဖတ်သူများကို သူသတိပြုမိခဲ့သည်။ စာရေး ဆရာတစ်ယောက်ကို အများကြီးမျှော်လင့်မည့်အစား စာကောင်း တစ်ပုဒ်ကိုသာ ရွေးချယ်ဖတ်ရှုသင့်သည်ဟု နေမျိုးကဆိုခဲ့ သည်။)

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here