အလှမယ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ဘက်ကိုပါ တဖြည်းဖြည်း ခြေလှမ်းလာတဲ့ ရွှေ အိမ်စည်က မကြာခင်အချိန်အတွင်း မှာ ပထမဆုံးခေါင်းဆောင်မင်းသမီး အဖြစ် ‘စွဲ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး မှာ ပါဝင်သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ စွဲရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာကိုလည်း ရွှေအိမ်စည်က အခုလိုမျိုး ပြောပြခဲ့ပါတယ်။
“မုဒိန်း ကျင့်ခံရတဲ့ ကောင်မလေးတစ် ယောက်က နောက်ဆုံးစွဲသွားပြီးတော့ နောက်ဆုံးကလဲ့စားလိုက်ချေတဲ့ ကာ ရိုက်တာပုံစံမျိုးလေးပါ။ ပညာပေး ကားပုံစံမျိုးဆိုလည်း ဟုတ်တယ်။ အိမ်စည်အတွက် တာဝန်ကြီးတယ်။ ရက်တွေလည်း ပိုပေးရတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ရိုက်ပြီးသွားလို့ ဇာတ်ကားထွက်လာရင်လည်း ပရိ သတ်တွေ သဘောကျကြိုက် နှစ်သက်ကြကျမှာပါ”လို့ ပြောပြခဲ့ပါ တယ်။ ဝတ်လစ်စလစ်အဖြစ် သရုပ်ဆောင်မှာဖြစ်တဲ့အတွက် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း….
“ဝေဖန်မှု တွေကတော့ သေချာ ပေါက်ရှိမှာ။ ကောင်းတဲ့ကားတွေ တောင်မှ ဝေဖန်နေကြတာဆိုတော့။ ဇာတ်ကားအရှေ့ပိုင်းမှာတော့ မြန်မာဝတ်စုံလေးနဲ့ မြင်ရမယ်။ ပြီးသွား ရင် သရဲမ ဘာဝတ်စုံမှမပါတော့ဘူး။ အိမ်စည်အခု ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားက ပက်ပက်စက်စက်ဝေဖန်ခံရမှာ။အိမ်စည်က အဓိကပေါ့နော်။ အဲဒါကလည်း မှန်းထားပြီးသား။ ဒီဇာတ်ကားမှာ အဝတ်မပါတဲ့ သရဲဆိုတော့ ပိုပြီး ဝေဖန်ခံရမယ်။ အိမ်စည်ကတောာ ဝေဖန်တာကို ဂရုမစိုက်တော့ဘူး။ အနုပညာအရ လုပ်တယ်၊ ဇာတ်လမ်းအရလုပ်တယ်။ ကိုယ့်ဘက်က ရှင်းပြစရာမလိုဘူး”လို့ ပြောပြပါတယ်။ကြို တင်ပြင်ဆင်မှုတွေနဲ့ ပတ်သတ်ပြီး တော့လည်း အခုလိုပြောပြခဲ့ပါသေး တယ်။
အိမ်စည် Gym တွေ ကစားရတော့မယ်။ ဗိုက်တွေ နည်းနည်းချရမယ်။ လှအောင် လုပ်ရတော့မယ်။ ကာရိုက်တာက အဝတ်အစားမပါဘူး ဆိုတော့ ခန္ဓာကိုယ်နဲ့ပဲ ထိန်းရမယ်။အိမ်စည်က တစ်ခါမှမလုပ်ဖူးတဲ့ ဇာတ်ရုပ်ကို လုပ်ရတော့မှာဖြစ်တဲ့ အတွက် အိမ်စည်က ပျော်တယ်။ အိမ်စည်က ဒီကားမှာ အလှထက်ထက်စာရင် သရဲအခန်းက ပိုများ တယ်။ အဲဒီအတွက် ခန္ဓာကိုယ်ကြံ့ ခိုင်လှပမှုကို အဓိကထားပြီး လုပ်သွားမယ်”လို့ ဆိုပါတယ်။
ဝတ်လစ်စလစ်သရဲမ ဆိုပေမယ့် အသားကပ်ဝတ်စုံ၊ ကင်မရာ လှည့်ကွက်တွေနဲ့ အိမ်စည်က သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ- အောင်ဇော်မင်း