ပြည်ပမှာ ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ အကြောင်းတွေ သရုပ်ဆောင် မေမြတ်နိုး ဘယ်လိုတွေပြန်ပြောပြခဲ့လဲ

0
160

အလှမယ်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ မေ မြတ်နိုးကတော့ ပြည်တွင်းမှာသာမက ပြည်ပ ရုပ်ရှင်လောကမှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်လာ သူပါ။ မကြာသေးမီကလည်း Invincible အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကမ္ဘာကျော် သရုပ်ဆောင်တွေနဲ့အ တူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပြည်ပအလုပ်လုပ်ရတဲ့အတွေ့အကြုံ နဲ့ ပတ်သက်ပြီး …

“မြတ်နိုးအတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ ကောင်းတာ တွေရော၊ နောက်ပြီးပြန်ပြင်သင့်တာ တွေလည်း သိရပါတယ်။ နောက်ထပ် ပြည်ပနဲ့ပူးပေါင်းပြီး ရိုက်ကူးသွားဖို့ ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။
သူကတော့ Pride Of Myanmar မှ ဖက်ရှင်ဆုကိုလည်း ရ ရှိထားသူပါ။ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး ပြင်ဆင်မှု ကိုလည်း …

“မြတ်နိုးကို ပွဲတက်တွေဘဲ ဖြစ် ဖြစ် Shooting တွေဘဲဖြစ်ဖြစ် အမြဲ တမ်းကူညီပေးနေတဲ့ Style list တွေ ဒီဇိုင်နာတွေရှိတယ်။ သူတို့ကြောင့် လည်း Pride Of Myanmar မှာ လည်း ဖက်ရှင်ဆုရသွားတယ်လို့ ထင်ပါတယ်။ အဓိကတော့ သူတို့ တွေ တော်လို့ ရတာပါ။ မြတ်နိုးက ဝတ်ပေးရတဲ့သူပဲလေ။ မြတ်နိုးက တော့ အမြဲတမ်း ပွဲတက်ဆိုရင်လည်း ပွဲနဲ့ လိုက်ဖက်တဲ့ ပုံစံလေးတွေ သေချာရွေးပြီး ဝတ်ဆင်ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
ဆက်လက်ပြီး အလှမယ်တစ်ဦး လည်းဖြစ်တဲ့ သူ့ကို အလှမယ်လောက နဲ့ပတ်သက်ပြီးလည်း ဆက်လက်မေး မြန်းခဲ့ရာ …

“အလှမယ်တွေကို အားပေးမှု နည်းလာတာကတော့ အလှမယ်တွေ အရမ်းများလာတယ်။ ဒါပေမဲ့ များ လာတာက မြန်မာနိုင်ငံ တစ်နိုင်ငံ တည်း မဟုတ်ပါဘူး။ နိုင်ငံတကာ တွေမှာလည် များလာတာဘဲလေ။ အခုခေတ်ကကျတော့ Miss ပြိုင်မယ် ဆိုရင် တန်းပြီးတော့ မင်းသမီး ဖြစ် ချင်တာပေါ့။ မြတ်နိုးတို့ ပြိုင်တုန်း ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြု မယ်။ ဒီပွဲမှာ အကောင်း ဆုံးလုပ်မယ်ဆိုတဲ့ စိတ် တစ်ခုဘဲရှိတယ်။ ကိုယ်ရဲ့ ကြိုးစားမှုကို ပရိသတ်က အားပေး ရင် တော့ ကိုယ်အတွက် နေရာတစ်နေ ရာကျန်မယ် လို့ထင်ပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here