ရိုးရာမပျက် ကန်တော့ပွဲပေးခဲ့တဲ့ Box No.88 ရုပ်ရှင်ဇာတ်ကား

0
271

7th Sense Film Production မှ ထုတ်လုပ်ပြီး ဒါရိုက်တာ ဝင်းလွင် ထက် ရိုက်ကူးမယ့် Box No.88ရုပ် ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးပွဲ ကို မတ်လ ၇ ရက်နေ့က ရွှေတိဂုံ ဘုရားအောင်မြေမှာ ပြုလုပ်ပါတယ်။

Box No.88ရုပ်ရှင်ဇာတ်ကားကြီး မှာတော့ အကယ်ဒမီနေတိုး၊ အကယ် ဒမီ ထွန်းထွန်း၊ အကယ်ဒမီ အိန္ဒြာ ကျော်ဇင်၊ ကာရာဗီနဲ့ အခြားအနု ပညာရှင်များစွာ ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ Box No.88ရုပ်ရှင် ဇာတ်ကား ဖန်တီးဖြစ်ပုံနဲ့ ပတ်သက် ပြီး 7th Sense Film Production မှ ထုတ်လုပ်သူ ကိုဝေမင်းမောင်က…

“ဒီ Box No.88မှာတော့ ပရိသတ် တွေအကြိုက်နဲ့ ထပ်တူဖြစ်စေမယ့် အရာတွေ အများကြီးပါမယ်လို့ ကျွန် တော် မျှော်လင့်ပါတယ်။ သရုပ် ဆောင်တွေကအစ ကိုနေတိုးတို့၊ ထွန်းထွန်းတို့ မအူဝဲတို့နဲ့ ရိုက်ကူးမှာ ဆိုတော့ ပရိသတ်အကြိုက်တွေ အ များကြီးရမယ့်ဇာတ်ကားတစ်ကား ဖြစ်မယ်လို့ ထင်မိပါတယ်”လို့ ပြော ပါတယ်။


Box No.88 မှာ ပါဝင်မယ့် အကယ်ဒမီနေတိုးကတော့ ရုပ်ရှင် ဇာတ်ကားတွေ မရိုက်ကူးခင် ကန် တော့ပွဲ ပေးဖြစ်တဲ့အပေါ်…

“ဒီကား ထဲမှာ ကျွန်တော်က သတင်းသမား တစ်ယောက်အနေနဲ့ ပါဝင်ရမှာပေါ့။ ဒီလိုမျိုး ကန်တော့ပွဲ ပေးလေးတွေ မနက်အစောကြီးလုပ် ဖြစ်တဲ့အခါ ကျွန်တော်တို့ ဘုရားကန်တော့တယ် ဆိုတာ အလုပ်တစ်ခုလုပ် တော့မယ် ဆိုလို့ရှိရင် ဒီ Project ကြီး ကို တည် ဆောက်ရတာလေ။ တည် ဆောက်ရ မယ်ဆို ဒီလိုကန်တော့ပွဲ ပေးတာက ရိုးရာဖြစ်နေတော့ ရိုးရာကို လိုက်နာ ကျင့်သုံးတဲ့သဘောပါ။ ဘာသာရေးနဲ့ ပတ်သက်ပြီး လုပ်တာလေးပေါ့နော်” လို့ ပြောပါတယ်။

T.S.H
ဓာတ်ပုံ – အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here