အ ခက် အ ခဲ တွေ ကြား က ထွက် ရှိ လာ ပြီ ဖြစ် တဲ့ အောင်ပြည့်ထွန်း၊ အောင်တေဇာကျော်၊ မေကြည် ရဲ့AMA အ ခွေ အ ကြောင်း

0
131

Myanmar Idol Season 1 က ပြိုင်ပွဲဝင်တွေဖြစ်တဲ့ အောင်ပြည့် ထွန်း၊ အောင်တေဇာကျော်၊ မေကြည်တို့ သုံးယောက်ပေါင်းပြီး အခွေ ထွက်ရှိမှာပဲဖြစ်ပါတယ်။ ဒီအခွေရဲ့ နာမည်ကိုလည်း သူတို့ရဲ့ နာမည် အတိုကောက်ဖြစ်တဲ့ AMA လို့ နာမည်ပေးထားပါတယ်။ အခွေက သုံး နှစ်လောက်ကြာခဲ့ပြီဖြစ်ပြီး ဒီလို ကြာနေရခြင်းကလည်း သုံးယောက်စလုံး က နယ်က ဖြစ်နေတာကြောင့်ရယ် အခွေထွက်ရှိဖို့အတွက် အနုပညာ ကြေးတွေ စုနေရတာရယ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

“ငွေရေးကြေးရေး အခက်အခဲရှိပါတယ်။ မေကြည်တို့အနေနဲ့ နယ်တွေမှာ သီချင်းသွား ဆိုပါတယ်။ အနုပညာကြေးရလာတဲ့ ပိုက်ဆံတွေကို စုပြီး အခွေလုပ်ရတာဖြစ်တဲ့အတွက် ဒီအခွေ ကြာခဲ့ရတာဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင်လည်း အခွေတစ်ခွေလုပ်ဖို့က လုံးဝမလွယ်ကူတဲ့ အခြေအနေမှာရှိတယ်။ အခွေလုပ်ခဲ့ရင် တောင်မှ ပြန်မရနိုင်မယ့် အခြေအ နေမှာရှိတယ်။ ဒါ ကြောင့် မေကြည်တို့အနေနဲ့ ချွေးနှဲစာလေးနဲ့ လုပ်ထားတဲ့အခွေမို့လို့ ကြာနေခဲ့တာပါ” လို့ အခွေနဲ့ ပတ်သက်လို့ မေကြည်က ပြောပြပါတယ်။

အခွေမှာတော့ သီချင်းအားလုံး ၁၂ ပုဒ်ပါဝင်မှာဖြစ်ပြီး Solo အနေနဲ့ ကိုးပုဒ်၊Group Song အနေနဲ့ သုံးပုဒ်ပါဝင်မှာဖြစ်ပါတယ်။ ဒီအခွေမှာတော့ Music လည်းစုံပြီး သီချင်းအကြောင်းအရာတွေလည်း စုံမှာဖြစ်ပါတယ်။

“သုံးယောက်ပေါင်းပြီးလုပ်တဲ့ အခွေဖြစ်တော့ အားတော့ရှိတာပေါ့။ ကျွန်တော့်ပရိသတ်လည်း ရှိမယ်၊ မေကြည် ပရိသတ်လည်းရှိမယ်၊ ကိုအောင်ပြည့်ထွန်း ပရိသတ်လည်းရှိမယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖေးဖေးမမလေးသွားတာက ပိုပြီးတော့ ကောင်းမယ်ထင်လို့ ကျွန်တော်တို့ ဒီအခွေ လေးကို လုပ်ဖြစ်သွားတာပါ။ ကျွန်တော့်အနေနဲ့ ဒီအခွေကို အားတော်တော်စိုက်ထားပါတယ်။ အခွင့်အရေးရရင်ရသလို ဒီအခွေကို ကောင်းသထက်ကောင်း အောင်လုပ်ခဲ့ကြတယ်။ ဘာကြောင့် လဲဆိုတော့ သီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင် ကတည်းက ဒီလမ်းကိုရွေးခဲ့တာကိုး။ ဒါကြောင့် ကျွန်တော့်တို့ ဒီအခွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစား ထားကြပါတယ်”လို့ အောင်တေဇာ ကျော်ကလည်း အခွေနဲ့ပတ်သက်လို့ ပြောပြခဲ့ပါတယ်။

အခွေကိုတော့ မတ်လ ၂၃ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး အခွေထွက်ရှိခြင်း အထိမ်းအမှတ်အနေနဲ့ လှည်းတန်းစင်တာရဲ့ Outdoor ဧရိယာမှာ ၄ နာရီ ကနေ ၈ နာရီအထိ ပရိသတ်တွေကို လက်မှတ်ရေးထိုးပေးသွားမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီအခွေကို ပင်ပင်ပန်းပန်းခက်ခက်ခဲခဲနဲ့ လုပ်ထားရတာပါ။ အဓိကတော့ ငွေရေးကြေးရေးအခက်အခဲတွေလည်းပါတယ်။ ဒါတောင် ဆရာဥက္ကာဦးသာနဲ့ အန်တီထရေစီ တို့ရဲ့ ကျေးဇူးကြောင့် မြန်တာပါ။ မဟုတ်ရင် ဒီ့ထက်တောင် ကြာသွားနိုင်တယ်။ ဒါကြောင့် ဒီ အခွေလေးကို တော်တော်တော့ ကြိုးစားထားပါတယ်”လို့ သူတို့ သုံးယောက်ရဲ့ ကြိုးစားထား မှုနဲ့ပတ်သက်လို့ အောင်ပြည့်ထွန်းက ပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ – အောင်ဇော်မင်း ၊ အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here