ပွဲမပေးလို့ ကင်မရာ ခလုပ်နှိပ်လို့ မရတဲ့အဖြစ်မျိုး ကြုံဖူးတယ်ဆိုတဲ့သရုပ်ဆောင် မိုးကောင်း

0
196

ရုပ်ရှင်ပဲဖြစ်ဖြစ် ဗီဒီယိုပဲဖြစ်ဖြစ် ဇာတ်ကားတစ်ကားမရိုက်ကူးခင်မှာ ပါဝင်ရိုက်ကူးမယ့်သူတွေအားလုံးက ဇာတ်ကားနဲ့ပတ်သက်လို့ ကန်တော့ပွဲ ပေးလေ့ရှိကြပါတယ်။ ဒါကလည်း ယုံကြည်မှုသက်ဝင်မှုပဲဖြစ်ပြီး ရိုက်ကူး တဲ့ရုပ်ရှင်ဇာတ်ကား အဆင်ပြေ ချောမွေ့စွာပြီးစီးနိုင်ရေးအတွက်လည်း ဆုတောင်းကြတဲ့သဘောပါပဲ။ ဒီကန်တော့ပွဲ ပေးပြီးတဲ့အခါမှသာ ဇာတ်ကားရိုက်ကူးရေးပိုင်းမှာ အဆင်ပြေပြေဖြစ်တယ် ဆိုတာမျိုးကိုလည်း ယုံကြည်သက်ဝင်လေ့ရှိကြပါတယ်။ ဒါကြောင့် လည်း ဒီအကြောင်းနဲ့ပတ်သက်လို့ ရှုတင်မန်နေဂျာတစ် ဦးလည်း ဖြစ်၊ မင်းသားတစ်ဦးလည်းဖြစ်တဲ့ သရုပ်ဆောင်မိုးကောင်းက သူ့ရဲ့အမြင်ကို ပြောပြတာကတော့…

“အဲ ဒါကလူတွေရဲ့ စိတ် ကို လုံဖို့ပဲ ပြောရမလား၊ ကိုယ်ယုံကြည်ရာ လုပ်တယ်လို့ပဲ ပြောရမလား၊ လုပ်ငန်းအတွက် အဆင်ပြေဖို့ပဲပြောရမလား အမျိုးမျိုးရှိကြတယ်လေ။ တချို့ကတော့လည်း ရိုးရာအရ ကန်တော့ပွဲပေးလိုက်မှ ရိုက်ရတာအဆင်ပြေတယ်ပေါ့။ ကျွန် တော်က မန်နေဂျာလည်း လုပ်ခဲ့ဖူးတယ်။ ပရိုဂျုစာလည်း လုပ်ခဲ့ဖူးတယ်။ မင်းသားလည်း မင်းသား ဆိုတော့ ကန်တော့ပွဲ ပေးတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာလူတွေနဲ့ အမြဲ တမ်းကြုံတယ်။ ကျွန်တော်မန်နေဂျာဖြစ်တဲ့အချိန်မှာ ဒါရိုက်တာကိုမေးတယ်။ ဆရာကျွန်တော်ကန်တော့ပွဲ ပေးရမလားပေါ့။ဆရာတွေ ကလည်း သူတို့ ယုံကြည်ရာကိုပြောတယ်။သား ရယ် ပြီးအောင် ရိုက်ရင်ပြီးတယ်။ ကောင်းအောင် ရိုက်ရင်ကောင်းတယ်။ ကန်တော့ပွဲပေးစရာ မလိုဘူးလို့ ပြောတယ်။ တချို့ကြတော့လည်း ညီလေးသဘောဆိုရင် ကျွန်တော်က အား လုံးကို ချုံကြည့်လိုက်တယ်။ တချို့ ဒီအထဲမှာ နည်းနည်းအယူသီးတဲ့ လူပါ မယ်။ ကန်တော့ပွဲပေးစေချင်တဲ့ လူပါ မယ်ဆိုရင် ကျွန်တော်ကန်တော့ ပွဲ ပေးလိုက်တယ်။ ကန်တော့ပွဲမပေးလို့ စိတ်စနိုးစနောင့်ဖြစ်တာမျိုး မဖြစ် စေချင်ဘူးလေ။ လူအများနဲ့လုပ်ရ တာကိုး။ တစ်ခုခုဖြစ်ခဲ့ရင် နင်ကန် တော့ပွဲမပေးလို့ ဆိုတာမျိုးဖြစ်လာ မယ်လေ။ ဒါကြောင့် ကျွန်တော် တို့က ပေးတယ်။ သင်္ချိုင်းမှာ သွား ရိုက်တယ်ဆိုရင်လည်း သင်္ချိုင်းကို ပွဲတွေ ဘာတွေပေးရတယ်။ မပေးရင် တကယ် အဆင်မပြေတာတွေရှိတယ်။ ကျွန်တော်အရှက်မရှိ အော်ပြီးတော့ တောင်း ပန်ခဲ့ရတဲ့ပွဲတွေမနည်းတော့ဘူး။ ကျွန်တော်တို့ Record နှိပ်မရ တာတို့ဖြစ်တယ်။ ပွဲပေးပြီးတော့ သူ့ ဘာသာသူအဆင်ပြေသွားတယ်။ အဲ ဒါကတော့ တိုက်တိုက်ဆိုင်ဆိုင် နှစ်ခါလောက်ကြုံဖူးတယ်”လို့ ပြောပြပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here