အကယ်ဒမီ စင်မြင့်ထက်မှာ မြင်တွေ့ရမယ့် အနုပညာရှင်တို့ရဲ့ မျိုးဆက်သစ် အကယ်ဒမီ အကူမောင်/ မယ်များရဲ့ စကားသံများ

0
224

အုပ်သာကျော် (နေမင်း၏တူ)

အကယ်​ဒမီ အကူမောင်​မယ်​ဆိုတာအကယ်​ဒမီပေးပွဲမှာ အများ ကြီး အရေးပါတယ်​လို့ထင်​တယ်​။ စင်​ပေါ်ကိုတက်​ပြီးတော့ ဆုယူတဲ့ စီနီ ယာကြီးတွေ တစ်​ခုခုအဆင်​မပြေဖြစ်​ တဲ့ အချိန်​မှာ ကျွန်​တော်​တို့ ဘေးနား ကနေ လုပ်​ပေးရမှာဖြစ်​တဲ့ အတွက်​ ဂုဏ်​လည်း ယူတယ်​။ အကယ်​၍စင်​ပေါ်မှာ အမှားအယွင်း တစ်​ခုခုဖြစ်​သွားရင်​လည်း ဘယ်​လိုလုပ်​မယ်​ ဆို တာကိုလည်း အခုကတည်းက နှစ်​ယောက်​ ကြိုတင်​တိုင်​ပင်​နေတယ်​။ ဦးလေး နေမင်းက အခုရီဟာဇယ် တွေ လုပ်​လို့ပြီးသွားရင်​ ကျွန်​တော့်ကို ခေါ် တွေ့ ပြီးတော့ ဘယ်​လိုမျိုးလမ်း လျှောက်၊ ဘယ်​လိုမျိုး မျက်နှာအမူ အရာထားဆိုပြီးတော့ သင်​ပေးတယ်။

မေတိုးခိုင်
(အိန္ဒြာကျော်ဇင်၏တူမ)

အခုအချိန်​ထိ ကြိုတင်​လေ့ကျင့် နေတာက အဆင်​ပြေနေတယ်​။ နှစ်​ယောက်​အတူတူ လေ့ကျင့်​တဲ့အချိန်​မှာ ခြေလှမ်းမညီတာတို့၊ ခြေလှမ်း နှေးနေတာတို့တော့ ရှိတယ်​။ နှစ်​ယောက်​တိုင်​ပင်​ပြီးတော့ အကောင်း ဆုံးလုပ်​နေတယ်​။

နန်းရွှေရည်

ကိုယ်​လုပ်​ရမယ့်​အခန်းကဏ္ဍ ကို တာဝန်​ကျေအောင်​ စွမ်းဆောင်​မယ်​။ဒီအနုပညာလောကထဲကို စဝင်​ လာတဲ့အချိန်​မှာ အကယ်​ဒမီဗန်းကိုင်​ ဆိုတဲ့ ခေါင်းစဉ်​အောက်​မှာ ကိုယ်က ဖြစ်​ချင်​ခဲ့တယ်​။ ကြိုးစားခဲ့ပေမယ့်​ ဖြစ်​ခွင့်​မရခဲ့ဘူး။ အခုအချိန်​မှာ ဒီ အခွင့်​အရေး ရခဲ့တဲ့အတွက်​ ဒီအိပ်​မက်​လေးကို အကောင်​အထည်​ဖော်​ခွင့်​ရတယ်အတွက်​လည်း တအားဝမ်း သာမိတယ်​။

ဆောင်းယွန်းစံ

အကယ်​ဒမီပေးပွဲနေ့မှာလည်း စီနီယာတွေ အများကြီးရှိမယ်​၊ ဧည့်​ ပရိသတ်​တွေ အများကြီးရှိမှာ ဖြစ်​တဲ့ အတွက်​ တွေးတွေးပြီးတော့ စိတ်​လှုပ်​ရှား တယ်​။ ကြောက်​လည်း ကြောက်​တယ်။ ဆောင်းအကောင်းဆုံးကြိုး စားပြီးလုပ်​သွားမှာပါ။

ဝတ်မှုံသန့်
(မြင့်မြင့်ခင်၏ မြေး)

အခုလိုမျိုး အကယ်​ဒမီ ပေးပွဲ ကြီးမှာ အကူမောင်​မယ်​ တစ်​ယောက်​အနေနဲ့ ပါဝင်​ခွင့်​ရတဲ့အတွက်​ ဂုဏ်​လည်း ယူတယ်​။ ဝမ်းလည်း သာ တယ်။ အဘွားကတော့ ဒီကသင်​ပေး တာကိုပဲ အကောင်းဆုံးလုပ်​ခိုင်း တယ်​။ ထပ်​သင်​ပေးရင်​လည်း မတူ တာတွေ၊ ဘာတွေရှိမှာ စိုးလို့တဲ့ ထပ်​ပြီးတော့ မသင်​ပေးဘူး။ ဒီကသင်​ပေးတာကိုပဲ အကောင်းဆုံး ကြိုးစား ပြီးတော့ အကယ်​ဒမီပေးပွဲ ကြီးမှာ အမှားအယွင်းမရှိအောင်​လုပ်​သွား မှာပါ။

သီဟအောင်
(ကိုကိုဦး၏ သား)

ဒီနှစ်မှာ အကယ်ဒမီမောင်မယ် အဖြစ် ပါဝင်ခွင့်ရတဲ့အတွက်အတိုင်း မသိဝမ်းသာပါတယ်။ ခုလေ့ကျင့် နေ တာကတော့ အကုန်လုံးလည်း သေ ချာသင်ပေးကြတယ်။ ပါဝင်တဲ့ မောင်နှမတွေအားလုံးလည်း ချစ် ခင်ခင်နဲ့ တိုင်တိုင်ပင်ပင်ရှိကြတယ်။ ပထမ စစချင်းလုပ်တာဆိုတော့ အခက်အခဲတော့ရှိတယ်။ ဒါပေမဲ့ ဦးရန်လေးတို့၊ အန်တီဆင့်တို့က သေချာလေးသင်ပြကြတယ်။ သား တို့ကလည်း သေချာကြိုးစားပြီး အမှားမပါအောင် လုပ်ပါတယ်။ အဆင့်သင့်ကတော့ ဖြစ်နေပါတယ်။ ဒီထက်ပိုကောင်းဖို့ပဲ လိုပါတော့ မယ်။

ဇော်ဝင်းအောင်၊ ခိုင်ဝါဝင်း
ဓာတ်ပုံ- အောင်ဇော်မင်း၊ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here