အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ အမှိုက်တွေ့ရင် ဆက်သွယ်ပါဆိုတဲ့အဆိုတော် ဇွဲပြည့်၊ ဖိုးပြည့် (မင်းသားကြီး)

0
254

အဆိုတော် ဇွဲပြည့်နဲ့ ဖိုးပြည့် (မင်းသားကြီး)တို့က ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ ဘူတာကြီး အနီးမှာ ပရိသတ်တွေနဲ့ အတူတူ အမှိုက်ကောက်ခဲ့ကြပါတယ်။ အမှိုက် ကောက်ဖို့ စတင်စိတ်ကူးရတဲ့သူက တော့ ဇွဲပြည့်ပဲဖြစ်ပြီး အမှိုက်ကောက် ကြဖို့ အစီအစဉ်ကိုလည်း သူက ဖေ့ ဘွတ်စ်မှာ ရေးသားခဲ့ပါတယ်။

ဒီ့နောက်မှာတော့ သူ့ရဲ့သူငယ် ချင်းဖြစ်သူ အဆိုတော်ဖိုးပြည့် (မင်း သားကြီး)လည်း ပါဝင်လာခဲ့ပြီး ဇွဲ ပြည့်ရဲ့ We Love အဖွဲ့တွေကလည်း တစ်တပ်တအား ပါဝင်ခဲ့ကြပါတယ်။
သူတို့က ညမိုးချုပ်တဲ့အထိ အပင် ပန်းခံကာ အမှိုက်များကို ရှင်းလင်းခဲ့ ကြပြီး ဒီနေရာမှာ အမှိုက်များ ထပ်မံ မပစ်ဖို့အတွက်ကိုလည်း ဘေးပတ် ဝန်းကျင်ကို ဆော်သြပေးသွားမယ် လို့လည်း ဇွဲပြည့်က ပြောပြခဲ့ပါတယ်။

“ရှင်းနေတဲ့နေရာမှာတော့ အ မှိုက်ချဖို့အတွက် လွယ်မှာမဟုတ်ဘူး။ အမှိုက်တစ်ခုရှိနေရင်တော့ နောက် ထပ်တစ်ခုထပ်ပစ်ဖို့အတွက်က လွယ် တယ်။ရှင်းသွားပြီဆိုရင်တော့ အမှိုက် ထပ်ချတော့မှာ မဟုတ်ဘူး။ နောက် ထပ် ၄၊ ၅ လလောက်ကတော့ ဒီ အမှိုက်က ပြန်တွေ့ရမယ် မထင်ဘူး။
ပြီးတော့ အခုအမှိုက်တွေကလည်း တော်တော်ကို ကြာနေပြီလို့ထင် တယ်”လို့ ဇွဲပြည့်က ပြောပြပါတယ်။

နောက်ပိုင်းမှာလည်း အမှိုက်နဲ့ပတ် သက်လို့ အမြင်မတော်တဲ့ နေရာတွေ မှာ အမှိုက်တွေကိုကောက်သွားကြဖို့ အစီအစဉ်ရှိနေပြီး ရန်ကုန်မြို့လယ် ခေါင်ကိုတော့ အဓိကထားပြီးကောက် သွားမယ်လို့လည်း သူတို့ကပြောခဲ့ပါ တယ်။

“အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ အမှိုက်တွေ့တယ်ဆိုရင် ကျွန် တော့်ကိုပဲဖြစ်ဖြစ် ဖိုးပြည့်ကိုပဲဖြစ်ဖြစ် လှမ်းပြောပါ။ ကောက်သင့်တယ်လို့ ထင်ရင် လာကောက်ကြမှာပါ။ အဓိ ကတော့ လူဦးရေများများနဲ့ ကောက် ရင် မြန်မြန်ပြီးပါတယ်”လို့ ဇွဲပြည့်က ပြောပါတယ်။ သူငယ်ချင်းဖြစ်သူနဲ့ အတူတူ အမှိုက်တွေကို လာရောက် ကောက်ပေးခဲ့တဲ့ အဆိုတော်ဖိုးပြည့် (မင်းသားကြီး) ကလည်း သူ့အနေနဲ့ ဇွဲပြည့်နဲ့အတူတူ အမှိုက်များကို ကောက်သွားမှာဖြစ်ပြီး အမှိုက် ကောက်တဲ့ Challenge ကChallenge တွေထဲမှာ တအားကောင်းတဲ့ Challengeတစ်ခုဖြစ်ပြီး လူငယ် တိုင်း ဒါကိုလုပ်ကြစေချင်ကြောင်း လည်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here