မင်းရာဇာ ပြန်လည်ပြောပြတဲ့ ပြန်လည်ပြောပြတဲ့ Line Walker 2လာရောက်ရိုက်ကူးခဲ့စဉ်က အတွေ့အကြုံများ

0
587

Line Walker 2 လာရောက်ရိုက်ကူးခဲ့စဉ်က မြန်မာသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ခဲ့တဲ့ မင်းရာဇာက မြန်မာ လူမျိုးတွေ၊ အက်ရှင်သမားတွေကို ချစ်တာသိခဲ့ရတဲ့အတွက် ဝမ်းသာပါတယ်လို့ ဆိုပါတယ်။ အက်ရှင်သမား တွေကို ချစ်တဲ့ပရိသတ်တွေအနေနဲ့ စကားပြောတဲ့နေရာမှာ မြန်မာအနုပညာရှင်တွေကို ထိခိုက်တဲ့ စကား တွေပါခဲ့ရင်လည်း တောင်းပန်ပါတယ်လို့ မင်းရာဇာက ဆက်လက်ပြောပါတယ်။ Line Walker 2 မှာ သူပါဝင်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး မင်းရာဇာက …

“အတွေ့အကြုံတွေက အများကြီးပါ။ Sharing လုပ်ဖို့တွေလည်း အများကြီးရှိပါတယ်။ တချို့အပိုင်းလေးတွေမှာ သူတို့လုပ်တာလေးတွေက ကိုယ်တွေလုပ်တာထက်ကို မခဲယဉ်းဘဲနဲ့ လွယ်ကူ နေတာလေးတွေကို တွေ့ရတယ်။ အချိန်ပိုလည်း သက်သာတယ်။ ဈေးနှုန်းလည်း မကုန်ဘူး။ တချို့ ဟာလေးတွေမှာ အရမ်းကို လွယ်ကူသွားတဲ့အပိုင်းလေးတွေ တွေ့ရတယ်။ ကိုယ်တွေသိထားတယ်။ ဒါပေမဲ့ ကိုယ်တွေမတတ်ဘူးပေါ့။ အဲဒီလိုအပိုင်းလေးတွေ တွေ့ရတယ်။ အဲဒါလေးတွေက ကိုယ်တွေ အတွက် အကျိုးအမြတ်ရှိပါတယ်”လို့ ပြောပါတယ်။ အက်ရှင်မင်းသားတစ်ဦးအနေနဲ့ ခန္ဓာကိုယ်ကြံ့ ခိုင်သန်စွမ်းအောင် ရှောင်ရန်၊ ဆောင်ရန်တွေ ရှိသလားလို့ မင်းရာဇာကိုမေးတော့ …

“ကျွန်တော်ကတော့ အကုန်စားတယ်။ လေ့ကျင့်ခန်းပိုင်းမှာတော့ ပိုပြီးတော့ လုပ်ဖြစ်တယ်။ အဓိကကတော့ ခန္ဓာကိုယ်ကြီးအောင်ထက်ကို ကြံ့ခိုင်အောင်၊ သန်စွမ်းအောင် လုပ်တယ်။ ခံနိုင် ရည်ရှိအောင်ပေါ့။ အမြင့်တွေက ပြုတ်ကျရင် မနာအောင်၊ ထိမိခိုက်မိရင် ခံနိုင်အောင်ပေါ့။ ပြီးတော့ ကျွန်တော်ထိုးတဲ့ ဖိုက်တင်တွေက သူများနဲ့မတူဘူး။ ပါဝါတွေများတယ်။ လူတစ်ယောက်ကို ကိုင်ပေါက်ရတာတွေ၊ လွှင့်ပစ်ရတာတွေ များတယ်။ အဲဒီလိုအပိုင်းမှာ ပါဝါမ ရှိဘဲနဲ့လုပ်လို့မရဘူး။ အဲဒီပါဝါအတွက်ကို ကျင့်ရတာများပါတယ်။ ပါဝါအတွက်ကျင့်ရင်း၊ ကျင့်ရင်းနဲ့ အကောင်ကကြီးလာတာပေါ့”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here