မြန်​မာ့ဂုဏ်​ဆောင်​နိုင်​ခဲ့တဲ့ ကြက်​တောင်​အားကစားမယ်​ သက်​ထားသူဇာ ရဲ့ အိပ်​မက်

0
302

နိုင်ငံရပ်​ခြားမှာ သွားရောက်​ယှဉ်​ပြိုင်​တဲ့ ပြိုင်​ပွဲတိုင်းလိုလိုကို ဆု တွေ ရအောင်​ယူခဲ့ပြီး မြန်​မာနိုင်​ငံ ကို ဂုဏ်​တက်​အောင်​ ကြိုးစားခဲ့သူက တော့ ကြက်​တောင်​အားကစားမယ်​ သက်​ထားသူဇာပဲ ဖြစ်​ပါတယ်​။ ပြိုင်​ပွဲတိုင်းမှာ အကောင်းဆုံးယှဉ်​ပြိုင်​နိုင်​ခဲ့သလို အခက်​အခဲတွေအများကြီးရှိခဲ့ တယ်​ဆိုတာကိုလည်း သက်​ထားသူ ဇာက အခုလိုပြောပြခဲ့ပါတယ်​။. . .

“ညီမ ဒီတစ်​ခေါက်​သွားရောက်​ယှဉ်​ပြိုင်​တဲ့ Uganda နိုင်​ငံနဲ့ Kenya နိုင်​ငံမှာ ပထမဆုရခဲ့တယ်​။ အာဖရိ က နိုင်​ငံမှာ သွားပြိုင်​တာဖြစ်​တဲ့ အ တွက်​ အခက်​အခဲက အများကြီးရှိ တယ်​။ အစားအသောက်​တွေ၊ ရာသီ ဥတုနဲ့ ပတ်​သက်​တဲ့ အခက်​အခဲတွေ အများကြီးကြုံရတယ်​” လို့ ပြောပြပါတယ်​။ပြိုင်​ပွဲတစ်​ပွဲဝင်​ပြိုင်​နိုင်​ရန် မိဘ တွေရဲ့ ပံ့ပိုးပေးမှုတွေအကြောင်းကို လည်း သက်​ထားသူဇာက အခုလို ပြောပြပါသေးတယ်​။. . .

“ညီမအမေဆို အမြဲတမ်း လိုက်​ပေးတယ်​။ ငွေရေး ကြေးရေးက လည်း ကုန်​ကျစရိတ်​အရမ်းများ တယ်။ နိုင်​ငံကလည်းဝေးတော့ တအား သတိထားပြီး သွားရတယ်​။ အမေဆို အမြဲတမ်းလိုလို လိုက်​ပြီး တော့ ညီမကိုအကုန်​လုံး ကူညီပေး တယ်​။ အဖေဆိုရင်​လည်း ညီမကြက်​တောင်​ စရိုက်​တဲ့ ၇ နှစ်​သမီးအရွယ်​ကတည်းက ညီမရဲ့လက်​ဦးဆရာ လို့လည်း ပြောလို့ရတယ်​။ အဖေက ကြက်​တောင်​နဲ့ ပတ်​သက်​ပြီးတော့ လည်း ညီမကို အမြဲတမ်းလိုလို သင်​ပေးတယ်​။ ညီမအဖေပြောသမျှကို ညီမအမြဲတမ်းလိုက်​နာတယ်​”လို့ ပြောပြပါတယ်​။
နောက်​ထပ်​ပြိုင်​ပွဲတွေနဲ့ ပတ်​သက်​ပြီးတော့လည်း သက်​ထားသူ ဇာက. . .

” ညီမက ကြက်​တောင်​နဲ့ ပတ်​သက်​ပြီး အိပ်​မက်​ရှိတယ်​။ အိုလံ ပစ်​ပြိုင်​ပွဲ ဝင်​ရောက်​ယှဉ်​ပြိုင်​ချင်တယ်​။ ညီမကRanking ၁ဝဝ ထဲ ဝင်​မှ အိုလံပစ်​နဲ့ပတ်​သက်​ပြီး မျှော်​လင့်​ ချက်​အနည်း​ငယ်​ရှိမှာပါ။ အိုလံပစ်​ထဲ ဝင်ပြိုင်​နိုင်​အောင်​လည်း ညီမ အစွမ်းကုန်​ကြိုးစားနေတယ်​။ အခုက ပြိုင်​ပွဲတွေ လိုက်​ပြိုင်​ပြီးတော့ Ranking တွေစုနေတယ်​။ ပရိသတ်​ကြီးလည်း အားပေးရကျိုးနပ်​အောင်​ ညီမပြိုင်​ပွဲ တွေကို အစွမ်းကုန်​ကြိုး စားပြီးတော့ ယှဉ်​ပြိုင်​သွားပါမယ်​”လို့ ပြောပြခဲ့ပါ သေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ- ဇော်​ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here