ဖက်ရှင်နဲ့ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံးရဲ့ မေတ္တာရပ်ခံချက်အပေါ် စည်သူ(ပလပ်ကျွတ်)ဘာပြောလဲ

0
237

ယခုနှစ် အကယ်ဒမီပေးပွဲကိုတော့ နယ်ဖျော်ဖြေပွဲနဲ့ တိုက်နေတာကြောင့် မတက်ဖြစ်တော့ဘူးလို့ သရုပ်ဆောင် စည်သူ (ပလပ်ကျွတ်) က ပြောပါတယ်။ သူက အကယ်ဒမီ ပေးပွဲမှာ ဘယ်လို ဖက်ရှင်မျိုးနဲ့ တက်မယ် ဆိုတာကိုလည်း စဉ်းစားထားပြီး ဖြစ်ပေမယ့်လို့ ပွဲရှိလာတဲ့ အတွက် မတက်ဖြစ်တော့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက အကယ်ဒမီပွဲကို တက်ရောက်မယ့် အနုပညာ ရှင်များ အနေနဲ့ မြန်မာဝတ်စုံ (သို့မဟုတ်) တိုင်းရင်းသား ဝတ်စုံအပြည့်ဖြင့်သာ တက်ရောက်ကြရန် မေတ္တာရပ်ခံချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ မေတ္တာရပ်ခံချက်နဲ့ ပတ်သက်လို့ စည်သူ (ပလပ်ကျွတ်) က သူ့ရဲ့အမြင်ကို ပြောပြလာတာကတော့…

“ကောင်းပါတယ်။ မြန်မာပြည်လည်း ဖြစ်တယ်။ ဗုဒ္ဓ ဘာသာ တိုင်းပြည်လည်း ဖြစ်တဲ့ အတွက် သူတို့ ထုတ်ပြန်တာက အင်မတန်မှ သဘာဝကျပါတယ်။ ကျွန်တော့် အနေနဲ့လည်း လက်ခံပါ တယ်” လို့ ပြောပါတယ်။ အကယ် ဒမီကိုတော့ တော်တဲ့ ဘယ်အနုပညာ ရှင်ပဲရရ သူ့အနေနဲ့ လက်ခုပ်တီးပြီး အားပေးနေမှာပါလို့ ဆိုပါတယ်။ Star Awards ဆုပေးပွဲကိုလည်း သူ့အနေနဲ့ ကြိုဆိုပြီး ဆုကိုလည်း ရင်ခုန် မျှော်လင့်မိပါကြောင်းလည်း စည်သူ (ပလပ်ကျွတ်) ပြောခဲ့ပါ တယ်။ လက်ရှိမှာတော့ သူက မျက် နှာကို ပြုပြင်ထားပြီး ပိုချောလာဖို့ အတွက်ရည်ရွယ်လို့ လုပ်ခဲ့ခြင်းဖြစ် တယ်လို့ ပြောလာပါတယ်။

“မျက်နှာပြင်တဲ့ အကြောင်း အရင်းကလည်း သင်္ခါရကို ဆန့် ကျင်တာ မဟုတ်ပါဘူး။ ဘာပဲဖြစ် ဖြစ် လှချင်လို့ပါပဲ။ အမှန်အတိုင်း ပြောရရင် ကြောက်ပါတယ်။ မျက်နှာ ကိုဆေး ထိုးရတာ ဆိုတော့လေ။ ဒါပေမဲ့လည်း လှချင်တော့လည်း သည်းခံရတာ ပေါ့လေ” လို့ မျက်နှာ ပြုပြင်မှုနဲ့ ပတ်သက်လို့ စည်သူ (ပလပ်ကျွတ်) က ပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ – အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here