သားဖြစ်သူ မင်းသန့်ကိုကို ကို အကယ်ဒမီစင်မြင့်ပေါ်မှာ မြင်တွေ့ရတဲ့ ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကိုပြောပြလာတဲ့ မင်းသူ

0
283

“မိဘက အနုပညာအလုပ်ကို ချစ်မြတ်နိုးပြီး လုပ်ကိုင်သလို ကိုယ့်ရဲ့ သားသမီးကိုလည်း အနုပညာကို ဝါသနာပါစေချင်ကြတာက အနုပညာ ကိုချစ်တဲ့ မိဘတိုင်းရဲ့ဆန္ဒပါ။ ကိုယ်က သရုပ်ဆောင်တစ်ယောက်ဖြစ် သလို သားဖြစ်သူ မင်းသန့်ကိုကိုကိုလည်း အနုပညာအလုပ်ကို ဝါသနာ ပါပြီး လုပ်ကိုင်စေချင်တယ်”လို့ သရုပ်ဆောင် မင်းသူက ပြောပြပါတယ်။
အနုပညာလောကမှာ ခြေလှမ်းအစဖြစ်မယ့် အကယ်ဒမီပေးပွဲမှာ အကယ်ဒမီအကူမောင်မယ်အဖြစ်ပါဝင်ကူညီပေးမယ့် သားဖြစ်သူ မင်းသန့်ကိုကိုနဲ့ ပတ်သက်ပြီး ဖခင်တစ်ယောက်ရဲ့ ဝမ်းသာပီတိစကားသံ ကိုလည်း မင်းသူက အခုလိုပြောပြခဲ့ပါတယ်။. . .

“ဒီလိုအကယ်ဒမီစင်မြင့်ထက် (သို့မဟုတ်) အနုပညာနယ်ပယ်မှာ သူ့ကို အခုလိုမျိုး မြင်တွေ့ချင်ခဲ့တယ်။ အခုလိုမျိုး စင်မြင့်ထက်ကနေသူ့ကို ပြန်ပြီး မြင်တွေ့နေရတဲ့ အနေအထားဆိုတော့ ဖခင်တစ်ယောက်အနေနဲ့ အများကြီး ပီတိဖြစ်တယ်။ ဝမ်းလည်းသာတယ်။ သူအနုပညာကို ဝါသနာပါရင်လည်း နောက်ကနေသူ့ကို အများကြီးပံ့ပိုးပေးသွားမယ်။ ကိုယ့်သားသမီး ဖြစ်တဲ့အတွက် ကိုယ့်ထက်ပိုတော်၊ ပိုတက်စေချင်တယ်”လို့ ပြောပြပါတယ်။
အကယ်ဒမီအကူမောင်/မယ်အဖြစ် ပါဝင်ကူညီပေးတဲ့သားဖြစ်သူက အရင်က ထက်စာရင် သူငယ်ချင်းတွေလည်း အများကြီးရပြီးအရင်ကထက် ပိုသွက်လာ တယ်ဆိုတာကိုလည်း မင်းသူက . . .

“သူကအရင်ကအေးတယ်။ အပြုံးအရယ်နည်းတယ်။ အခုအကယ်ဒမီအကူမောင်မယ်မှာပါလာတော့ သူငယ်ချင်းတွေနဲ့ မုန့်သွား စားကြတယ်။ ရင်းရင်းနှီးနှီးဖြစ်လာတယ်။ အရင်ကထက်စာရင် ပိုသွက်လာတယ်။ အခုလိုမျိုး သူသွက်သွက်လက်လက်ဖြစ် လာတဲ့အတွက် ဖခင်တစ်ယောက်အနေနဲ့လည်းပျော်တယ်။ သားဖြစ်သူကို အခုလို စင်မြင့်ပေါ်မှာ တွေ့ရတဲ့ ခံစားချက်က ဘာခံစားချက်နဲ့မှ မတူဘူး”လို့ ပြောပြပါတယ်။ သားဖြစ် သူမင်းသန့်ကိုကိုကလည်း ဖခင်ဖြစ်သူ မင်းသူနဲ့အတူတူ အနုပညာအလုပ်တွေ လုပ်ကိုင်ချင်တဲ့ အကြောင်းတွေကို လည်း ပြောပြခဲ့ပါသေးတယ်။. . .
“သရုပ်ဆောင်ပိုင်းဝါသနာပါတယ်။ ရုပ်ရှင်တော့မ ရိုက်သေးဘူး။ ကြော်ငြာတွေတော့ စရိုက်ကြည့်ချင်တယ်။ အဖေဆီကနေ သင်ယူခဲ့တာတွေလည်း အများကြီးပဲ။ အဖေ က ကျွန်တော့်အတွက်လည်း တော်တော်ကောင်းတဲ့ အဖေပါ။ အခု အကယ်ဒမီ အကူမောင်မယ်အဖြစ် ပါဝင်ခွင့်ရတော့ သူငယ် ချင်းတွေလည်း တိုးလာတယ်။ အရင်ကထက်စာရင် ပိုပြီးလည်း သွက်လာတယ်။ အဖေနဲ့အတူတူ ပူးပေါင်းပြီး အနုပညာအ လုပ်တွေ ကို လုပ်ကြည့်ချင်တယ်”လို့လည်း ပြောပြပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here