၂ဝ၁၈ခုနှစ် အကယ်ဒမီထူးချွန်ဆု ပေးအပ်ပွဲကြီးမှာ သီဆိုဖျော်ဖြေခဲ့ကြတဲ့ အဆိုတော်တွေရဲ့ ရင်ခုန်သံ စကားများ

0
180

၂ဝ၁၈ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲကြီးမှာ Myanmar Idol Season 1,2,3 က ပြိုင်ပွဲဝင်များက သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။ အကယ်ဒမီစင်မြင့်ရဲ့ ခမ်းနားလှပမှုတွေနဲ့အတူ အဆိုတော်တွေရဲ့ တေးသီချင်းသံတွေကလည်း လိုက်ဖက်လွန်းလှတဲ့ ညတစ်ညဖြစ်ခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းတွေကို သီဆိုဖျော်ဖြေခဲ့ကြတာဖြစ်ပြီး အားလုံးကလည်း သံစဉ်တွေကြားမှာ စီးမျောခဲ့ကြပါတယ်။ အကယ်ဒမီ ထူးချွန်ဆုပေးအပ်ပွဲမှာ ပန်းတွေနဲ့ဝေသီချင်းကို သီဆိုခဲ့တဲ့အဆိုတော် စောလားထော်ဝါးက .. .

“အကယ်ဒမီပွဲကြီးမှာ သီချင်းဆိုရတဲ့အတွက် ကျွန်တော်တော်တော် ရင် ခုန်ခဲ့ရတာပါ။ ဆိုရတဲ့သီချင်းကလည်း အားလုံးကြိုက်ကြတဲ့သီချင်းလေ။ ပြီး တော့ ကျွန်တော်လည်း ပြိုင်ပွဲမှာသီဆိုခဲ့တဲ့သီချင်းပေါ့။ ပထမတစ်ခါက ဒီသီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တယ်။ ဒုတိယတစ်ခါက ကိုယ်ကဖျော်ဖြေရတာ ဆိုတော့ တအားကို ရင်ခုန်စိတ်လှုပ်ရှားပါတယ်။ ပြီးတော့ဒီသီချင်းကို ပြန်ဆိုခဲ့ တဲ့သူတွေအများကြီးပါပဲ။ ကိုယ်ဆိုရမယ့်အလှည့်ရောက်တော့လည်း ကိုယ့် စတိုင်နဲ့ ကိုယ်ဆိုခဲ့တယ်။ အများကြီးတော့ ပြောင်းလဲလိုက်တာမျိုးမရှိပါဘူး” လို့ ပြောပြပါတယ်။ အရင်တုန်းကဆိုရင် အကယ်ဒမီပွဲကြီးကို တီဗီရှေ့ကနေ အားပေးရပေမယ့် ဒီနှစ်မှာတော့ ကိုယ်တိုင်ပွဲတက်ခွင့်ကော ပွဲလာကြတဲ့ သူတွေကို တေးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ရခဲ့တာကြောင့် ဘဝမှာ အမှတ်တရဖြစ် ရပါတယ်လို့ ပိုးမီကပြောပါတယ်။

‘အကယ်ဒမီပေးပွဲဆိုတာက ကိုယ်တွေငယ်ငယ်တုန်းကမဖြစ်မနေ စောင့် ကြည့်ရတဲ့ပွဲပေါ့။ တအားကို ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးတစ်ပွဲလေ။ ဒီပွဲမှာ ဆိုရမယ်ဆိုတော့ စိတ်လည်း တအားလှုပ်ရှားခဲ့တယ်။ အိပ်မက်တစ်ခုလိုပါပဲ။ ဒီလိုပွဲမျိုးမှာပါပြီးတော့ဆိုရမယ်ဆိုတာ အိပ်မက်တောင်မမက်ဖူးပါဘူး။ ဒါပေမယ့်လည်း ဆိုခွင့်ရတဲ့အတွက်ကို တအားရင်ခုန်တယ်။တအားလည်းပျော် မိပါတယ်။ ပြီးတော့ဒီသီချင်းလေးကိုလည်း ပိုးမီတစ်ခါမှမဆိုဖူးဘူး။ ကိုယ်ဆို နေကျပုံစံမျိုးလည်းမဟုတ်ဘူး။ ပိုးမီပုံစံက မိန်းမတအားမဆန်ဘူးလေ။ ကိုယ် ဆိုရမယ့်သီချင်းက နူးနူးညံ့ညံ့လေးနဲ့ ကိုယ့်ကိုယ်ကိုချွဲတဲ့ပုံစံမျိုးလေး ဆိုရမှာ ဆိုတော့ အကောင်းဆုံးကြိုးစားသီဆိုခဲ့ပါတယ်” လို့ အကယ်ဒမီပွဲ သီချင်းဆို ရတဲ့ ခံစားမှုနဲ့ပတ်သက်လို့ ပိုးမီကပြောပြပါတယ်။

Myanmar Idon Season 2 က ဘီလီလမင်းအေးကတော့ အကယ်ဒမီ ပေးပွဲမှာ မောင့်မူပိုင်ရှင်သီချင်းကို သီဆိုခဲ့ပါတယ်။ ဒီသီချင်းနဲ့ ပတ်သက် လို့လည်း သူ့အနေနဲ့ ဘယ်လိုပြင်ဆင်ခဲ့ရလဲဆိုတာကို အခုလိုပြောပြတာက. . .

“အမှန်အတိုင်းပြောရရင် ကြောက်တယ်။ ဘယ်လိုမျိုး Feedback တွေ လာမလဲဆိုပြီးပေါ့။ ပြီးတော့ လူကြီးတွေရှေ့မှာ ဖျော်ဖြေရတာဆိုတော့ နည်း နည်းလေးတော့လေ။ နှစ်တိုင်းနှစ်တိုင်းပရိသတ်တစ်ယောက်အနေနဲ့ အကယ် ဒမီပွဲကို အမြဲတမ်း အားပေးခဲ့ရတာပါ။ သရုပ်ဆောင်တွေဆိုတာကလည်း အမြဲ တမ်း အားပေးခဲ့ရတဲ့ သရုပ်ဆောင်တွေပါ။ အဲဒီ့အတွက် ဘယ်သူတွေရ မလဲဆိုတာ ဖူးကိုယ်တိုင်လည်း ရင်ခုန်အားပေးခဲ့ပါတယ်” လို့ ပြောပြပါတယ်။ အကယ်ဒမီညနေခင်းက တော့ အကယ်ဒမီဖက်ရှင်တွေ၊ အကယ်ဒမီအပျော်တွေ၊ အကယ်ဒမီ တေးသံသာတွေနဲ့ သာယာငြိမ့် ညောင်း စွာလှပလို့ နေခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here