၂ဝ၁၈ ခုနှစ် အကယ်ဒမီအခမ်းအနားစီစဉ်သူ ကိုဂျွန်လွင် ရဲ့ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အကယ်ဒမီပေးပွဲ စီစဉ်ခွင့်အိပ်မက်

0
209

ကိုဂျွန်လွင်(Star’s Event Production) ကတော့ အကယ်ဒ မီပွဲကို စီစဉ်တာ ၂နှစ်ရှိပါပြီ။ ၂ဝ၁၆ ခုနှစ် ပြည်သူ့ရင်ပြင် မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲရယ်၊ ယခုနှစ်The One Entertainment မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲရယ်ပါ။
“ပထမတုန်းကလုပ်စဉ်တုန်းကတော့ ပြည်သူ့ရင်ပြင်မှာလုပ်ခဲ့ တာပါ။ ဒီနှစ် One Entertainment Park Indoor ထဲမှာလုပ်ဖြစ်ခဲ့ တာမှာလည်း တကယ့်ကို Air Con တွေဘာတွေနဲ့ ကောင်းကောင်း မွန်မွန်လုပ်လို့ရခဲ့ပါတယ်” လို့ ကိုဂျွန်လွင်ကပြောပါတယ်။ ယခုနှစ် အကယ်ဒမီပေးပွဲမှာတော Star’s Event Production ရယ်၊ Bo Bo Entertainment ရယ် ပေါင်းပြီး စီစဉ်ဖြစ်ခဲ့တဲ့အပေါ် ကိုဂျွန်လွင်က . . .

“ဒီနှစ်က အရမ်းLast Minutes ဖြစ်သွားတယ်။ ဒီနှစ်က ကျွန်တော်တို့ Stars ရယ်၊ Bo Bo Entertainment ရယ်ပေါင်း ပြီးတော့ စီစဉ်ဖြစ်ကြတာပေါ့။ အဓိကကတော့ ကျွန်တော်တို့ တခြားဆုပေးပွဲတွေ လည်းပေါ်လာပြီ။ အကောင်းတကာ့အကောင်း ဆုံးဖြစ်ချင်တဲ့အတွက် ၂ယောက်ပေါင်းလိုက်တဲ့သဘောပါ။ အ ကောင်းဆုံးလည်း ကြိုးစားခဲ့ပါတယ်။ ဒီနှစ်က ကျွန်တော်တို့ သုံးတဲ့ ငွေပမာဏလည်း နည်းနည်းနည်းတဲ့အတွက်ကြောင့် ချင့်ချင့်ချိန်ချိန် လေးနဲ့ နည်းနည်းနဲ့ကျဲကျဲ ကောင်းအောင်လုပ်သွားမယ်လို့ အစက တည်းက ဆုံးဖြတ်ပြီးကြိုးစားတင်ဆက်ခဲ့ကြတာပါ” လို့ ဆိုပါတယ်။ ၂ဝ၂ဝပြည့်နှစ်မှာ ရောက်ရှိလာမယ့် မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့် မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲကို ကိုဂျွန်လွင်စီစဉ်ဖို့ ရည်ရွယ်ထား သလားဆိုတဲ့အပေါ် . . .

“တကယ့်ကို ကျွန်တော့်ကို ကမ်းလှမ်းခဲ့ရင်တော့ ကျွန်တော့်မှာ Plan တွေချထားပြီးသားပါ။ ၂ဝ၁၈ ခုနှစ်ကတည်းက ကျွန်တော့်မှာ Plan တွေအများကြီးချထားတာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် ဒါဘာလဲတော့ မပြောသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လည်း လုပ်ခွင့်ရဦးမှပါ။ အခုက သူ့ထက်ငါစွမ်းပါတယ်ဆိုပြီး ချပြနေတဲ့သူတွေလည်းအများကြီးပဲရှိတော့ ကိုယ်လည်းမသိသေးဘူး။ ကိုယ်ကံ ကောင်းရင်ရမယ်။ ကံမကောင်းရင်မရဘူးပေါ့။ ဒီလိုပွဲစီစဉ်တယ်ဆို တာ ကျွန်တော့်အနေနဲ့ကတော့ မှတ်တိုင်တစ်ခုအနေ နဲ့လုပ်တဲ့ သဘောပါ။ ပိုက်ဆံကအဓိကမဟုတ်ပါဘူး” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here