သားငယ်ပြောပြတဲ့ သူ့ဘဝရဲ့ ဟီးရိုးတွေအကြောင်း

0
313

Myanmar Idol Season 2 ရဲ့ Winner တစ်ဦးအနေနဲ့ အနု ပညာလောကထဲ ရောက်ရှိလာခဲ့ တယ်။ ဂီတလောကမှာ စီးမျောတယ်။ ‘လမ်းကလေး’ ဆိုတဲ့ တစ်ကိုယ်တော် အခွေထွက်ထားသလို မကြာ သေးခင်ကမှ ညီမင်းခိုင်၊ မင်းသွေးတို့နဲ့ အတူ ၃ ယောက်တွဲအခွေလေး ထွက်ဖြစ်ထားတယ်။ သားငယ် ရဲ့ ငယ်ဘဝမှာ လေးစားအတုယူခဲ့ရတဲ့ အနုပညာရှင် တွေရှိခဲ့ပါတယ်။ သူတို့ထဲက ၂ ဦးကတော့ လေးဖြူနဲ့ အငဲပဲ ဖြစ်ပါတယ်။ အဆိုတော်ဖြစ်လာတော့ လေးဖြူတို့၊ အငဲတို့နဲ့တွေ့တဲ့အခါ ဂီတနဲ့ပတ်သက်လို့ သင်ယူဖြစ်တယ်လို့ဆိုတဲ့သားငယ်က…

“ဦးလေး ဖြူတို့၊ ဦးအငဲတို့က ကျွန်တော့်အိုင် ဒေါမဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဟီးရိုးတွေပေါ့နော်။ ကျွန်တော်အရမ်း ကြိုက်တာ ဆိုတော့လေ။ တွေ့ရင်တော့လည်းပြော ပါတယ်။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်တွေက စကားနည်းတယ်။ သိပ်ပြီးတော့ ထွေထွေထူးထူး၊ ရှည်ရှည်ဝေးဝေး ပြောတတ်တဲ့သူတွေတော့မဟုတ်ဘူး။ ကိုယ်လိုအပ်တာ လေးတွေလည်း အတင်းမေးတာပေါ့လေ။ လိုအပ်တာ လေးတွေ သင်ပါပေါ့။ ကျွန်တော်ပြိုင်ပွဲပြီးစတုန်းကဆို ရင် သီချင်းလေးတွေယူဆိုရင်လည်း ကြည် ကြည်ဖြူဖြူ နဲ့ဆိုပါဆိုပြီး သူတို့က ခွင့်ပြုတယ်။ ပြိုင်ပွဲအစဆိုတော့လည်း တခြားသီချင်းတွေ ဆိုရတဲ့အခါမှာ ကိုယ့်သီချင်းမထွက်နိုင်ခင်တုန်းက ပေါ့လေ။ အခုလည်း ဆိုနေရတုန်းပါပဲ။ အဲဒါလေးတွေ ကူညီပေးပါ တယ်။ ကျန်တဲ့အပိုင်းကတော့ ကျွန် တော်တို့အမြင်နဲ့ပေါ့။ သူတို့ရဲ့ နေထိုင်ပုံတွေ၊ သူတို့ ရဲ့ ဆိုပုံတွေကတော့ အမြဲတမ်း အတုယူနေရတာပေါ့” လို့ ပြောပြပါတယ်။ သားငယ်ရဲ့Facebook မှာ လေးဖြူ တို့နဲ့ ဓာတ်ပုံကို Profile အဖြစ်သုံးထားတာလေးက ဘယ်တုန်းကလဲလို့ဆိုတော့ …

“၂ဝ၁၈ ခုနှစ်တုန်းက ကယား ပြည်နယ်နေ့သွား တုန်းက တွေ့လို့ ဓာတ်ပုံလေးရိုက်ထားလိုက်တာ”လို့ သားငယ်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here