Official တစ်ကိုယ်တော် အခွေကို ၂ဝ၁၉ ထဲမှာ ထွက်မယ့် ဟစ်ဟော့ပ် အဆိုတော်မိုးထက်

0
383

အခု Current မှာ နာမည်ကြီးနေတဲ့ မိန်းကလေး အဆိုတော်တွေကို သီချင်းရေးပေးတယ်။ ကိုယ်တိုင်လည်း တစ်ကိုယ်တော်အခွေကို Official အနေနဲ့ မထွက်သေးပေ မယ့် အွန်လိုင်းတွေမှာ၊ Music Streaming တွေမှာ သီချင်းတွေ တော်တော်များများရှိနေပြီ။ အဓိက က လူ ငယ်တွေပေါ့။ လူငယ်အဆိုတော်တစ်ဦးဆီမှာ လူငယ်ပရိ သတ်တွေရှိတယ်။ မိုးထက်ရဲ့ သီချင်းအသစ်တွေ ဘယ်လို လာမလဲ။

“အွန်လိုင်းပေါ်မှာ သီချင်းတင်တာ ကျွန်တော့် ဝါသနာ အရ။ ကျွန်တော်ပိုက်ဆံမလိုချင်ဘူး။ သီချင်းဖန်တီးထား တဲ့ပုံစံနဲ့ ရသကိုပဲ လူတွေကိုပေးချင်တယ်။ လူတွေရဲ့ Feedback ကို ပြန်လိုချင်တယ်။ အဲဒီအတွက် ကျွန်တော်ကျေနပ် တယ်။ အဲဒါက ပီတိတစ်ခုပေါ့။ နောက်တစ်ခုက အပိုအလျှံ လေးပေါ့။Streaming တွေမှာ တင်တယ်။ ပိုက်ဆံရတယ်။ အေးဆေးပဲ။ ဒီအတိုင်းပဲ ငြိမ့်တယ်။ နောက်တစ်ခုကျတော့ ကျွန်တော့် ရည်မှန်းချက်က Mixtape ထုတ်ပြီးသွားရင် Official အခွေထုတ်မယ်ဆိုတဲ့အတွက် ကျွန်တော်အခု Official အခွေအတွက် Run နေပါတယ်။ ၂ နှစ်ကျော် လောက်ရှိပြီ။ ဒီ ၂ဝ၁၉ ထဲ မှာတော့ ကျွန်တော်ရအောင် ထွက်မှာပါ”လို့ မိုးထက်က ပြောပါတယ်။ အခွေတစ် ခွေထွက်ဖို့ ခက်နေတဲ့ ခေတ်မှာ အခွေထွက်မယ်ဆိုတာက ဘယ်လို အင်အားမျိုးနဲ့လဲလို့ မေးတော့ …

“အဓိကကတော့ အခွေထွက်မယ်ဆို တဲ့ အသိအမှတ်ပြုခံရ တဲ့အရာတစ်ခု ကိုပဲလိုချင်တာ။ အဲဒီလို ပုံစံနဲ့ပဲ ဆက်သွားမှာပါ။ ရောင်းရတာ၊ မရောင်းရတာက ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က ပရိုဂျူဆာက ကျွန်တော့်ကိုထုတ်ပေးမှာဆိုတော့ ကျွန်တော်က အဓိကက သီချင်းလုပ် ပေးဖို့ပဲ။ ကျွန်တော့် စိတ်ကြိုက်သီချင်း တွေရော၊ ပရိသတ် ကြိုက်မယ့်သီချင်း တွေရော ရောပြီး လုပ်ရုံပဲ။ လုပ်ပြီး သွားလို့ရှိရင်တော့ ဖြစ်လာတဲ့ အခြေ အနေအရ ဆက်သွားမှာပါ။ အဓိက က ဘယ်လိုပဲဖြစ်နေ၊ ဖြစ်နေ နောက် ဆုံးပိုက်ဆံမရ၊ ဘယ်လိုမှအဖတ်ဆယ် မရတော့တဲ့ အချိန်အထိ ကျွန်တော် က သီချင်းကို ဆက်လုပ်သွားမှာပါ”လို့ မိုးထက်ကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here