ပရိသတ် အသိအမှတ်ပြုခံရပေမယ့် ကိုယ့်ကိုယ်ကိုယ် အားနည်းချက်ရှိတယ်လို့ ခံစားရတယ် သရုပ်ဆောင် ခင်ဝင့်ဝါ

0
268

ချစ်စရာကောင်းတဲ့ အမူအရာ တွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အား ပေးမှုတွေ ရရှိထားသူကတော့ သရုပ် ဆောင် ခင်ဝင့်ဝါပါ။ သူကတော့ ရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်ကူး ဖြစ်နေပြီး မကြာခင်မှာ ရုံတင်ပြသ တော့မယ့် ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ‘လှပ်၍လွင့်သော’ ရုပ်ရှင်ဇာတ်ကား မှာ ကျော်ရဲအောင်၊ မို့မို့မြင့်အောင်၊ ဖွေးဖွေးစတဲ့ သရုပ်ဆောင်များနဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင် သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး …

“အမေမွှေး (မို့မို့မြင့်အောင်) ရယ်၊ မဖွေးဖွေးရယ်၊ ဦးနိုင်ကြီး (ကျော်ရဲအောင်)ရယ်၊ ပြီးတော့ ဒါ ရိုက်တာ ကိုဝိုင်းရယ် ဆုံရတဲ့ ညီမ အတွက် ပထမဆုံးကားပါ။ အမှတ် တရဆိုတာထက် မှတ်တိုင်တစ်ခုပါ ဘဲ။ ညီမကို ဒီကားရိုက်ဖို့ ကမ်းလှမ်း ပြီး မရိုက်ခင်ကတည်းက ကိုဝိုင်းက ညီမကို Training တွေပေးခဲ့ပါတယ်။ တကယ်ရိုက်တဲ့အခါမှာလည် သူလို ချင်တဲ့ Mood ၊ သူလိုချင်တဲ့ပုံစံ မရ မချင်းကို စိတ်ရှည်လက်ရှည်နဲ့သင် ပေးခဲ့ပါတယ်။ ကိုဝိုင်းက ဒီလိုစိတ် ရှည်လက်ရှည်နဲ့ သင်ခဲ့လိုလည်း မကြည်ပြာ ငယ်ဘဝက ရုပ်လုံးပေါ် လာခဲ့တာပါ။ ပရိသတ်တွေကလည်းအသိအမှတ်ပြုပေးကြလို့ အရမ်း လည်း ဝမ်းသာပါတယ်။ ဇာတ်ညွှန်း ကြိုရကတည်းက ညီမသေချာဖတ် တယ်။ ဖတ်တဲ့အချိန်မှာ ကိုယ်တိုင် လည်း ဒီကာရိုက်တာလေးကို သနား တယ်။တကယ်တမ်းသရုပ်ဆောင်တဲ့အချိန်မှာလည်း အတတ်နိုင်ဆုံး စီးမျောပြီးတော့ သရုပ်ဆောင်ခဲ့ပါ တယ်”လို့ ပြောပြခဲ့ပါတယ်။
ကိုယ့်ကိုယ်ကိုယ် လိုအပ်ချက် တွေ ရှိသေးတယ်ခံစားရတယ်ဆိုတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါက…

“ဒီဇာတ် ကားကတော့ အစ်မတစ်ယောက်က ကိုယ်မောင်လေးကို ချစ်တယ်၊ ကာ ကွယ်ပေးတယ်။ ပြီးတော့ တစ်ဖက်မှာ လည်း မိသားစုချစ်ခြင်းမေတ္တာပေါ့။ မောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာ ၅၂၈။ ပြီးတော့ မိဘက သား သမီး အပေါ်ထားတဲ့ မေတ္တာ၊ သားသမီးက မိဘကိုထားတဲ့ မေတ္တာ တွေကို တွေ့မြင်ရပါ တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တော့ ညီမ ကြည်ပြာငယ်ဘဝကို ပြန်သရုပ်ဆောင်တဲ့ အခါမှာ လိုအပ်သေး တယ်လို့ ခံစားရပါ တယ်” လို့ ပြောပြခဲ့ပါ တယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here