ကလေးသရုပ်ဆောင် ယွန်းယွန်း ဘဝကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပြီး အခု တက္ကသိုလ်ကျောင်း သူတစ်ယောက်ဖြစ်တဲ့ အချိန်အထိ ပရိသတ်ကြီး အချစ် မလျော့သွားကြတဲ့ အနုပညာရှင် တစ်ယောက်ပါ။ တက္ကသိုလ်ကျောင်းသူ တစ်ယောက် ဖြစ်တဲ့အချိန်မှာ စာလောဘကြီးတဲ့ အတွက် အများ ကြီးကြိုးစားသင်ယူနေတယ်ဆိုတာကို…
“ကျောင်းစာက ညီမကလည်း လောဘကြီးတယ်။ေ မမေတို့ကလည်း လောဘကြီးတဲ့ အခါကျတော့ အခုညီမကျောင်း နှစ်ကျောင်း တစ်ပြိုင်တည်း တက်နေတယ်။ ရန်ကုန်တက္ကသိုလ်မှာလည်း တတိယနှစ် စိတ်ပညာတက်နေ တယ်။ နောက်ပြီးတော့ အပြင်ကျောင်းမှာလည်း Business Mangement တက်နေတယ်။ ဒီကြားထဲမှာ လည်း အင်္ဂလိပ်စာ တက်နေတယ်ဆိုတော့ ကျောင်းစာ ကတော့ တစ်ပတ်လုံး နီးပါးကို အချိန်ပေးနေရတယ်” လို့ ယွန်းယွန်းက ပြောပြပါတယ်။ စာမေးပွဲနီးလို့ စာကြိုးစားနေရ တာဖြစ်တဲ့အတွက် နည်းနည်းပိန်သွားတယ်ဆိုတာကိုလည်း ယွန်းယွန်းက…
“တက္ကသိုလ်ကျောင်းသူဆိုတော့ စာက အများအားဖြင့် ကြိုမလုပ်ဖြစ်ဘူး (ရယ်လျက်)။ Day တက်တဲ့အခါ ကျတော့ စာမေးပွဲနီးတဲ့အခါမှပဲ စာတွေ အသည်းအသန် လုပ်ရ၊ သူငယ်ချင်းတွေ အကုန်လုံးလည်း ဒီလိုပဲဆိုတော့ အခုပင်ပန်းပြီးတော့နည်းနည်း ပိန်သွားတယ်”လို့ ပြောပြ ခဲ့ပါသေးတယ်။ အနုပညာနဲ့ ပညာရေးယှဉ်လာရင် ပညာ ရေးဘက်ကိုပဲ ပိုဦးစား ပေးဖြစ်မယ်ဆိုတာကိုလည်း “ညီမက တော့ ဖြစ်နိုင်ရင် အနုပညာရယ်၊ ပညာရေးရယ် နှစ်ခုစလုံးလုပ်ချင်တယ်။ ပိုဦးစားပေး ဖြစ်မယ် ဆိုရင် ပညာရေးကို ဦးစားပေးလုပ်ချင်တယ်။ တကယ်ဖြစ်ချင်တာ ဆိုရင် အနုပညာကိုလည်း ဝါသနာပါတဲ့ အတွက် လုပ်နိုင်သလောက် လုပ်ကြည့် ချင်တယ်။ အနုပညာကို ဘယ်နေရာ ကနေပဲ ပါရပါရ၊ ပါချင်တယ်။ သရုပ်ဆောင်ပိုင်းတင် မကဘဲအသက်ကြီး လာရင်လည်း ထုတ်လုပ်သူတစ် ယောက်အနေနဲ့ လုပ်ရမယ်ဆိုလည်း လုပ်ကြည့်ချင်တယ်။ ရေရှည်ရပ်တည်ဖို့ဆိုရင် ကိုယ့်စီးပွားရေးနဲ့ပဲ ရပ်တည်ရ မယ်။ မေမေတို့ကလည်း အဲလိုမျိုးဖြစ်စေချင်တယ်။ တစ်သက်လုံး အနုပညာကြီးပဲ လုပ်နေတာ ထက်စာရင် ကိုယ့်ရဲ့ Family Life နဲ့ အေးအေးဆေး ဆေး ရပ်တည်နေတာကို မိဘတွေကလည်း မြင်ချင်တယ် ဆိုတော့ အဲဒီလိုမျိုးပဲ ရပ်တည်ဖြစ်သွားမယ် ထင်တယ်” လို့ ပြောပြခဲ့ပါသေးတယ်။ မကြာမီမှာ နှစ်သစ် အတာသင်္ကြန်ကို ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် သင်္ကြန်နဲ့ပတ်သက်တဲ့ အစီအစဉ်ကို လည်း ယွန်းယွန်းက အခုလိုပြောပြခဲ့ပါသေးတယ်။
“သင်္ကြန်ကို ညီမက ရိပ်သာဝင်ဖို့စဉ်းစားထား တယ်။ အရင် နှစ်တွေတုန်းကလည်း သင်္ကြန်ကိုသိပ်မဆော့ဖြစ်ဘူး။ မိသားစုနဲ့ ခရီးထွက်ဖြစ်တာများ တယ်။ အခုက ခရီးထွက်နေတာ များတဲ့အတွက် ဒီနှစ်တော့ ခရီးမထွက်ဖြစ်ဘူး။ ရိပ်သာဝင်ဖြစ်ဖို့များတယ်။ သင်္ကြန်မှာလည်း ပြီးရင်ဆံပင်တွေလည်း ပျက်စီးတယ်။ အသားအရေတွေလည်း ပျက်စီးတယ်။ ငယ်ငယ်ကလေး ဘဝတုန်းကတော့ ကြိုက်တယ်။ ရေစိုစိုကြီးနဲ့ နေရတာကို အခုတော့ သိပ်မကြိုက်တော့ဘူး။ အခုထက်နည်းနည်း ပိုကြီးလာရင် ပြန်ကြိုက်မလားတော့ မပြောတက်ဘူး” လို့ ပြောပြခဲ့ပါတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ – အောင်ဇော်မင်း