အနုပညာလောကမှာ နာမည်တစ်လုံးရအောင် ကြိုးစားသွားမယနေမျိုးအောင်ရဲ့သား မင်းထိုက်

0
296

သရုပ်ဆောင် နေမျိုးအောင်ရဲ့သား မင်းထိုက်ကလည်း ဖခင် ဖြစ်သူလိုပဲ အနုပညာနဲ့ပတ်သက်လို့ ဝါသ နာပါသူတစ်ဦးပါပဲ။ သူက ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးထားပြီး ဖခင်နဲ့ အတူတူလည်း ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဧပြီ လ ၅ ရက်နေ့မှာ ပြုလုပ်မယ့် Star Awards ဆုပေးပွဲကြီးမှာလည်း သူ့ ကို Star Fairy အဖြစ် မြင်တွေ့ရဦး မှာပဲဖြစ်ပါတယ်။
ဖခင်ဖြစ်သူ နေမျိုးအောင်ကတော့ အိုက်တင်နဲ့ပတ်သက် လို့ အသေးစိတ် မသင်ပေးဖြစ်ဘဲ ဒီလို မသင်ပေးဖြစ်တာကလည်း သူ့ပုံစံ အတိုင်းဖြစ်သွားမှာစိုးလို့” လို့ သိရပါတယ်။

“အဖေက ဟိုလိုလုပ်ဒီလိုလုပ်ဆိုတာမျိုးလောက်ပဲ ပြောပြ တယ်။ အဖေက ပံ့ပို့ပေးတာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဇာတ်ကားတွေ ထုတ်ရိုက်ပေးတာမျိုးတွေတော့ မရှိပါဘူး။ ကိုယ့်ဘာသာကိုယ် ကြိုးစားရတာပေါ့” လို့ အနုပညာနဲ့ ပတ် သက်လို့ သူ့အနေနဲ့ ကြိုးစားရုန်းကန်နေမှု အပိုင်းကို မင်း ထိုက်က ပြောပြတာပါ။ သူက ရုပ်ရှင်ကားကြီးတွေမှာလည်းပါ ဝင်သရုပ်ဆောင်ထားပြီး အနုပညာလောကမှာ နာမည်တစ်လုံး ရဖို့ အတွက် ကြိုးစားသွားမှာပါလို့ ပြောပါတယ်။

“ကျွန်တော်လည်း အနုပညာ အလုပ်ကို လုပ်နေပါတယ်။ နာမည် တစ်လုံး မရသေးဘူးပေါ့။ အနုပညာလောကမှာ နာမည်တစ်လုံးရဖို့ဆို တာကလည်း ကံရယ် ဥာဏ်ရယ် စန်းရယ် လည်း လိုသေးတယ်။ အခုတော့ ကျွန်တော် ကြိုးစားနေပါ တယ်။ အများကြီးလည်း ကြိုးစားသွားမှာပါ” လို့ အနုပညာနဲ့ ပတ်သက်လို့ မင်း ထိုက်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here