သက်တန့်ကြီးကွေးသွားတဲ့ ‘နွေးသွားတယ် ‘ သီချင်းကအလွဲလေးတွေနဲ့ထက်ယံရဲ့ အမှတ်တရ

0
324

အခုဆို လူငယ်တွေရဲ့ပါးစပ်ဖျားမှာ ”Gravity အပြင် ဘက် ခုန်ထွက်၊ သိပ်လှတဲ့ သက်တန့်ကြီးတောင် ကွေးသွား တယ်” ဆိုတဲ့ သီချင်းစာသားက ရေပန်းအစားဆုံး ဖြစ်နေမှာပါ။ အဲဒီသီချင်းနာမည်ကတော့ ‘နွေးသွားတယ်’ ဖြစ်ပြီး သီဆိုထား သူကတော့ အဆိုတော် ထက်ယံပဲ ဖြစ်ပါတယ်။ ထက်ယံက သားသားနဲ့အတူ ထွက်ခဲ့တဲ့ ‘ရှေ့မီ နောက်မီ’ တေးစီးရီး ထွက် ရှိခဲ့တာ ဖြစ်ပြီး ‘နွေးသွားတယ်’ သီချင်းက အဆိုပါ တေးစီးရီး ထဲက ဖြစ်ပါတယ်။ ‘နွေးသွားတယ်’ ရဲ့ အလွဲလေးတွေကတော့ … ”သားသားကြောင့်၊ နွေးသွားတယ်ဆိုတာ သူ့ကြောင့် (ရယ်လျက်)။ ကျွန်တော်တို့တွေ အရမ်းပျာယာခတ်နေတာ။ သူထင်နေတာက စာသားမှာ နွေးတယ်လို့ တင်တာ။ Cover ရိုက်တော့မှ ကျွန်တော်လည်းသိတာ။ ဖုန်းထဲမှာပို့တော့ ကျွန် တော်လည်း ဖြဲကြည့်ပါတယ်။ မြင်ရသလောက်။ သတိမထား လိုက်မိဘူး။ ဟထိုးလို့ပဲ ထင်လိုက်တာ။ ဝဆွဲဖြစ်သွားတာပေါ့။ အဲဒီ သီချင်းကတော့ အမှတ်တရဖြစ် တယ်။ ကျွန်တော်တို့ နှစ်ယောက် စလုံး အတွက်လည်း ဒီအခွေလေးက အမှတ်တရဖြစ်သွားတာပေါ့” လို့ ထက်ယံက ပြောပြပါတယ်။ ‘နွေး သွားတယ်’ သီချင်းမှာ စကားလုံး အသုံး အနှုန်းကို ခပ်ကြွယ်ကြွယ် သုံးဖြစ်ခဲ့တာကိုလည်း ထက်ယံက … ”အဓိကက အချစ် သီချင်းပဲ ပေါ့နော်။ အချစ်သီချင်းကို အမြူး အပျော်လေးပေါ့။ သားသားမှာ ဆိုရင်ပါတယ်။ ကျွန် တော့်အထဲမှာ မပါတော့ ကျွန်တော်က အချစ် သီချင်းကိုပဲ အမြူးလေး လုပ်ဖြစ် သွားတယ်။ ပြောရမယ်ဆိုရင် အချစ် သီချင်းတွေက အများကြီး ရှိတယ်။ အများကြီးမှာမှ ကိုယ်ဘယ်လို ပုံစံနဲ့ ရေးမလဲ။ ဘယ်လို အကြောင်း အရာကို ဦးတည်မလဲ ဆိုတာလေးကို စဉ်းစားတဲ့အချိန်မှာ ကျွန်တော်စရေး ဖြစ်တဲ့ စကားလုံးက ”Gravity အပြင်ဘက်ခုန်ထွက်” ပေါ့။ အဲဒီက တည်းက အတ္တိသယဝုတ္တိ အလင်္ကာ ဖြစ်နေတော့ တစ်ပုဒ်လုံးက ကြွယ်ရ တော့မှာပဲ ဆိုပြီးတော့ တစ်ပုဒ်လုံး ကို ကျွန်တော် သုံးနေကျ အရင်တုန်း ကရေးခဲ့တဲ့ အချစ်သီချင်းတွေနဲ့ မတူ ဘူး။ ပုံစံဆန်းတဲ့ အချစ်သီချင်း တစ်ခုပေါ့။ တင်စားတဲ့ သီချင်းအဖြစ် ရေးရင်းနဲပဲ စကားလုံး တွေအကုန် လုံးကို လိုက်သုံးရင်း၊ သုံးရင်းနဲ့ ကြွယ်တာတွေ အများကြီး ဖြစ်သွား တာပေါ့” လို့ ပြောပါတယ်။
သီချင်းတစ်ပုဒ်ပေါက်ဖို့၊ ပရိ သတ်နဲ့ အစပ်အဟပ်တည့်ဖို့ ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ သီချင်းတစ်ပုဒ်ပေါက်ဖို့ဆိုတာ ဘယ် လို အကြောင်းအရာတွေ အပေါ် အခြေခံဖြစ်မယ် ထင်လဲဆိုတဲ့ အပေါ် ထက်ယံက… ”ကျွန်တော် တို့ ပရိ သတ်တွေ ကိုယ့်ပရိသတ်နဲ့ ကိုယ်ကတော့ ကိုယ့်အဆိုတော် အသစ်၊ သီချင်းသစ် ထွက်တယ် ဆိုရင် ပရိသတ်တွေကတော့ အား ပေး ပြီးသားပေါ့။ ဒါပေမဲ့ ကျွန်တော် တို့ကို မသိတဲ့ ပရိသတ်တွေအားပေးဖို့ အတွက်ကျတော့ တစ်အချက်က သူတို့ စိတ်ဝင်စားလောက်တဲ့ အကြောင်း ပြချက်ရှိဖို့ လိုအပ်တယ်။ နှစ်အချက်ကျတော့လည်း ဝေဖန်ဖို့ ပေါ့။ ကောင်းတယ်၊ မကောင်းဘူး ဆိုတာ ဝေဖန်ဖို့အတွက်ကလည်း သူတို့ စိတ်ဝင်စားမှုရှိမှ လည်းရမှာ။ နောက်ဆုံးက ပေါက်သွားနိုင်လောက် တဲ့သီချင်းရဲ့ အကြောင်းပြချက်ပေါ့ နော်။ လူတွေ တန်းစွဲသွားလောက်တဲ့ အကြောင်း ပြချက်နဲ့ လည်းဆိုင်မယ် ထင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ လူအများ ကြီးရင်ဘတ်နဲ့ ထပ်တူကျဖို့ ကလည်း ခက်တာပေါ့။ ဘယ်လိုပဲဖြစ် ဖြစ်ပေါ့။ ဖွင့်ပါများတဲ့သီချင်း တစ် ပုဒ်ကို ကျွန်တော်တို့ ဆိုရင်တောင် မကြိုက်ရင် တောင် ရသွားတာပဲလေ။ ဒါကတော့ လူအများကြီးနဲ့ ဆိုင်သွား တာပေါ့”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here