နေတိုးအတွက် အကယ်ဒမီမှန်းခွင့် ရလာဦးမယ့်ရုပ်ရှင်ကားကြီးအကြောင်းပြောပြတဲ့တင်မောင်ဆန်းမင်းဝင်း

0
305

ပြုံးရွှင်ရေပျော်ရဲ့လား ရုပ်ရှင်ကားကြီးက မကြာ ခင်မှာ ရုံတင်တော့မယ်လို့ ကြားနေရပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာတော့ တင်မောင်ဆန်းမင်းဝင်းကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ဝင်ခန်းတွေကို တော့ တင်မောင်ဆန်းမင်းဝင်းတို့ မိုးရာသီ အထူးဖျော် ဖြေပွဲကပြတဲ့ မျှော်စင်ကျွန်းက ရွှေဇာတ်ရုံမှာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ တင်မောင်ဆန်းမင်း ဝင်းကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆရာတစ် ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရတာဖြစ်ပြီး အကယ်ဒမီနေတိုးကတော့ လူရွှင်တော်အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့အနေနဲ့ ကိုနေတိုးရဲ့ အိုက်တင်လုပ်နိုင်မှုတွေ သရုပ်ဆောင်မှုတွေကို ကြည့်ပြီး ချီးကျူးမိတယ်လို့ ပြောပါတယ်။

”ကိုနေတိုးကိုကြည့်ပြီး သူတော်တော်လုပ်နိုင်ပါလား ဆိုပြီး အများကြီး တွေးမိတယ်။ ကိုနေတိုးက အောက် သက်ကြေတယ်လို့ ပြောရမှာပေါ့နော်။ ကိုနေတိုးက ဘယ်တော့မှပြီးစလွယ် မလုပ်ဘူး။ အဲဒါက သူ့ရဲ့ ကြိုးစားမှုပေါ့”လို့ နေတိုးနဲ့ ပတ်သက်လို့ တင်မောင်ဆန်း မင်းဝင်းက ပြောပြပါတယ်။
၂၁ဝ၈ ခုနှစ် အကယ်ဒမီမှာတော့ ပရိသတ်တွေ အားလုံးက မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးနဲ့ နေတိုးကို အကယ်ဒမီမှန်ထားပေမယ့် လွဲချော်ခဲ့ရပါတယ်။ ဒါ ကြောင့် ၂ဝ၁၉ ခုနှစ် မှာတော့ ပြုံးရွှင်ရေပျော်ရဲ့လားဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီမှန်းနိုင်လိမ့်ဦးမယ်လို့ တင်မောင်ဆန်းမင်းဝင်းက ထင်ကြေးပေးခဲ့ပါတယ်။

”ဒီဇာတ်လမ်းက အကယ်ဒမီ မှန်းလို့ ရနိုင်တဲ့ ဇာတ်မျိုးပါ။ ဟာသကားမျိုး မဟုတ်ဘူး။ တကယ်ကို သဘင်မှာ ဖြစ်ပျက်နေတဲ့အရာတွေ အရက်သမားတစ် ယောက်ရဲ့ ခံစားချက်တွေ အဲဒါကို ရိုက်ပြထားတယ်။ ပြီးတော့ သားသမီးဇောတွေ၊ မြန်မာမှုဆန်တဲ့ တကယ်ကို ကောင်းတဲ့ ဇာတ်မျိုးပါ။ အကယ်ဒမီမှန်းလို့ ရတယ်”လို့ ပြုံးရွှင်ရေပျော်ရဲ့လား ရုပ်ရှင်နဲ့ပတ်သက်လို့ တင်မောင် ဆန်းမင်းဝင်းကပြောပါတယ်။ အစ်ကိုဖြစ်သူ ကျော်ကျော် ဗိုလ်က ၂ဝ၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေး အပ်ပွဲမှာ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆု ရရှိခဲ့တဲ့အတွက် သူ့အနေနဲ့ ဝမ်းသာဂုဏ်ယူမိပြီး ဆုကြေ ညာတဲ့အချိန်မှာ ထတောင်ခုန်မိတယ်လို့ တင်မောင်ဆန်း မင်းဝင်းက ပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here