မူးယစ်ဆေးဝါးစွဲနေတဲ့ အနုပညာမောင်နှမတွေကိုကူညီဖို့ အသင့်ရှိကြောင်းအဆိုတော် အမွန်း က ပြောဆို

0
1182

အဆိုတော်အမွန်းက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာကြုံနေရတဲ့ အနုပညာမောင်နှမတွေကို လိုအပ်တဲ့ဘက်က ကူညီဖို့အသင့်ရှိနေပါတယ်လို့ ပြောပါတယ်။

”အမွန်းတို့ အနုပညာမောင်နှမတွေရဲ့  ပတ်ဝန်းကျင် မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကြုံရတာတွေ ကြားရတွေရှိပါတယ်။ စိတ်မ ကောင်းဖြစ်ရပါတယ်။ အမွန်းသိတဲ့ အနုပညာမောင်နှမတစ်ယောက် ဖြစ်နေ မယ်ဆိုရင် အမွန်းပစ်ထားမှာမဟုတ်ပါဘူး အမွန်း မသိတဲ့သူဆိုရင်လည်း သူ့မိဘတွေက ဘယ်သူဖြစ်မလဲ။ သူ့သူငယ်ချင်းတွေက ဘယ်သူတွေဖြစ်မလဲ။ စာနာတယ်။ သွားပြီးကူညီချင်တယ်။ ကိုယ်နဲ့ သိတဲ့သူတွေကို အမွန်းကိုယ်တိုင် လက်ကမ်းပြီး ကူညီမှာပါ။ သူတို့ကို မကြောက်ဖို့။ မရှက်ဖို့။ ဒီအရာဟာရောဂါ တစ်ခုလို ကပ်ဆိုးတစ်ခုလို စွဲသွားတဲ့အရာဖြစ် တယ်။ အဲဒီတော့ အလင်းထဲကို ပြန်လာဖို့ ဘာလိုအပ်လဲလိုအပ်တဲ့ ဘက်က ကူညီဖို့အမွန်း အသင့်ရှိနေ မှာပါ။ အနုပညာရှင်တွေကို လူသိတဲ့သူတွေဖြစ်တဲ့အတွက် သိပ်မစဉ်းစားပဲ ပိုပြီး ပြောတက်ကြတယ်။ အဲ့လိုမျိုးပြောတာထက်စာရင် သူကို လူသားတစ်ယောက် အနေနဲ့ ဘယ်နည်းကနေကူညီနိုင်မလဲ။ သူကတော်လည်းတော်တယ်။ အရည် အချင်းလည်းရှိတယ်။ ပြည်သူလည်း ချစ်တယ် ၊ အဲ့လိုသူတွေဆိုရင် ပိုတောင် တန်ဖိုးထားရဦးမယ်။ ဖေးမကူညီပြီး လမ်းမှန်ပေါ်ပြန်ရောက်အောင် အားလုံး က ကူညီသင့်ပါတယ်” လို့ မူးယစ်ဆေးဝါးကြောင့် လမ်းမှားရောက်နေတဲ့ အနု ပညာရှင် တွေကို သူ့ပတ်ဝန်းကျင်ကလမ်းမှန်ပေါ်ပြန်ရောက်အောင် ဖေးမကူ ညီ ကြဖို့ အမွန်းက တိုက်တွန်းပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မူးယစ်ဆေးရဲ့သား ကောင် တွေကို မိသားစုဝင်တွေ သူငယ်ချင်းတွေ က ကူညီဖို့ အတွက် လက်မတွန့်ကြဖို့ကို…

”မူးယစ်ဆေးကို စွဲသွားပြီဆို တာနဲ့ လူရာမဝင်တော့ဘူး၊ လူညွှန့်တုန်းသွားပြီ၊ ထောင်ထဲဝင်၊ ဆေးဖြတ်တဲ့ဆီသွား၊ ငါ့တို့ အသိုင်းအဝိုင်းက ထွက်သွားဆိုပြီး မိသားစုဝင် တွေက တံခါးပိတ်လိုက်ပြီး ဘဝထဲက ကန်ထုတ်လိုက်မယ်ဆိုရင် နဂိုကတည်းက အားငယ်နေတဲ့သူ ၊သူရဲ့စွဲလမ်း မှုကြောင့် မကျန်းမာတော့ တဲ့သူဆိုရင် ပိုဆိုးသွားဖို့ အကြောင်း ရှိတယ်။ လူဖြစ် ရှုံးသွားပြီး လူညွှန့် တုံးသွားဖို့ ပို သေချာသွားပြီ။အဲဒီလိုမလုပ် ကြဖို့ တိုက်တွန်းချင်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မူးယစ်ဆေးရဲ့ သားကောင် တွေကို မိသားစုဝင်တွေ သူငယ်ချင်းတွေက ကူညီဖို့ အတွက် လက်မတွန့်ကြပါနဲ့ သူတို့ကို မပစ်ပယ်လိုက်ပါနဲ့ မနှိမ်ပါနဲ့ ကူညီ ပေးပါ။ မေတ္တာပြပေးပါ” လို့ အမွန်း က ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here