ရိုးရာယဉ်ကျေးမှုကော အနုပညာအရပါ ရသပေးနိုင်တရုပ်ရှင်ကားကြီးတစ်ကား ဒီနှစ်ထဲမှာပဲ ရိုက်ကူးမယ့် မြို့ရွှေမန်းသားဖိုးချစ်

0
300

ဒီနှစ်ထဲမှာပဲ ဆရာဖြစ်သူ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်နဲ့အတူ ရုပ်ရှင်ကားကြီးတစ်ကား ထပ်မံရိုက်ကူး သွားဖို့ အစီအစဉ်ရှိကြောင်း မြို့ရွှေမန်းသားဖိုးချစ်က ပြောပါတယ်။ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေမှာ လည်း ရိုးရာယဉ်ကျေးမှုအတွက်ရော အနုပညာအရရော ရသပေးနိုင်မယ့် ဇာတ်ကားမျိုးတွေပဲ တင်ဆက်သွားမှာဖြစ် ကြောင်း သူက ပြောပါတယ်။

”ရိုက်ကူးဖို့ သေချာပေါက် ရှိပါတယ်။ မဖြစ်ဖြစ်အောင် ရိုက်ပါ့မယ်။ အကယ်ဒမီပေးပွဲရဲ့ အနေအထားပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ လုပ်ငန်းကို ပြောင်းလဲတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ဖို့အတွက် ဆရာတပည့် နှစ်ယောက် တွေးထားပြီးသားပါ။ အထူးသဖြင့် ဆရာပေါ့။ ဆရာဖန်တီးချင်တဲ့ အနုပညာကို ကျွန်တော်တို့ ကြိုးစားမယ်။ ကျွန်တော်လည်း ပညာသင်ရင်းနဲ့ပေါ့နော်။ ထူးထူးခြားခြားကြီး တွေ့ရမှာပါ”လို့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ် ကားနဲ့ပတ်သက်လို့ မြို့ရွှေမန်းသားဖိုးချစ်က ပြောပါတယ်။ နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ ပျက်ကွက်မှုတွေကြောင့် ဆရာဖြစ်သူ မြို့တော်မောင် ယဉ်အောင်က တအားပင်ပန်းခဲ့တာကြောင့် နောက်ထပ်ရိုက် ကူးမယ့် ရုပ်ရှင်ကားတွေမှာတော့ ဆရာမပင်ပန်းအောင် သူ့အနေနဲ့အပြည့်အဝ ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ဖိုးချစ်က ပြောပါတယ်။

”ဆရာဖန်တီးချင်တဲ့ အနုပညာကိုပဲ သက်သက်လေးလုပ်ပြီးတော့ တခြားကဏ္ဍတွေမှာ လုံးဝမ ပင်ပန်းအောင် ကျွန်တော်အားလုံးပြင်ဆင်ထားပြီးပါပြီ။ ပြောလိုတာကတော့ ဆရာစိတ်ချမ်းသာသွားမှာပါ”လို့ ဆရာ ဖြစ်သူ မြို့တော်မောင်ယဉ်အောင် ရိုက်ကူးမယ့် ရုပ်ရှင်အတွက် သူပြင်ဆင်ထားမှုအကြောင်းကို မြို့ရွှေမန်းသားဖိုးချစ်က ပြောပြပါတယ်။

ဒါ့အပြင် မြို့တော်မောင်ယဉ်အောင်နဲ့ ဖိုးချစ်တို့ ဆရာတပည့်နှစ်ယောက်က ပြဇာတ်တွေလည်း ကပြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ ဖိုးချစ်က ဒီနှစ်အကယ်ဒမီမှာတော့ ဆရာဖြစ်သူမြို့တော်မောင်ယဉ်အောင်နဲ့အတူတူ အကယ်ဒမီပွဲတက်ခဲ့ပြီး ဆရာတပည့်နှစ်ယောက်လုံးရဲ့ ပွဲတက်ဝတ်စုံကိုတော့ မြို့ကြီးသူပိုးထည်တိုက်က သေချာစီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here