မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်မှာ မြန်မာဆန်တဲ့သင်္ကြန် သီချင်းတွေသီဆိုမယ့် ရင်ဂို

0
436

အင်းယားလမ်းလျှောက်သင်္ကြန် မှာ ၄ ရက်တိုင်တိုင်ဖျော်ဖြေမယ့် ရင် ဂိုက သူအောင်မြင်ခဲ့တဲ့ နှစ်သစ်မင်္ဂ လာထဲက သင်္ကြန်သီချင်းတွေနဲ့ ဖျော် ဖြေတင်ဆက်ဖို့ အားခဲထားပါတယ်။

”ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုကို ဖော် ပြတာလေ။ ဦးတို့က အရွယ်ရောက် လာလေ ဒါမျိုးကို ပိုကြိုဆိုလေပဲ။ တစ်နေရာမှာ မော်တော်ကားနဲ့လှည့် လည်တဲ့ စတိတ်ရှိုးလိုဟာမျိုးတွေက လည်း ရှိမယ်လေ။ ဒါပေမဲ့ ဒီနေရာ မျိုးမှာလည်း များသောအားဖြင့်က ဦးတို့တောင် စဉ်းစားထားတယ်။ Rock’N’Roll သင်္ကြန်ကတော့ ဆိုလို့ ရမယ်။ နှစ်သစ်မင်္ဂလာထဲက သီချင်း တွေ များများဆိုဖို့ ဦးကတော့ စိတ် ကူးတယ်။ အဲဒီလိုနေရာနဲ့ အဲဒီလို သီချင်းတွေနဲ့ ပိုပြီးတော့ အပ်စပ်မယ် လို့တော့ ထင်တာပဲ”လို့ ရင်ဂိုကပြော ပါတယ်။ သားဖြစ်သူ ဟန်ထူးလွင်နဲ့ သမီးဖြစ်သူ ဟန်နေလွင်လွင်တို့လို နာမည်ကျော်ဂီတသမားတွေရဲ့ ဖခင် တစ်ဦးဖြစ်တဲ့ ရင်ဂိုက သူတို့မိသားစု ဖြတ်သန်းခဲ့တဲ့ သင်္ကြန်အမှတ်တရ တွေကိုလည်း …

“အရင်တုန်းက ကလေးတွေ ငယ်တုန်းကတော့ တစ် မိသားစုလုံးလိုက်တာပေါ့လေ။ ဦး ဆိုမယ့်မြို့တွေကို။ အခုတော့ကလေး တွေက တစ်ယောက်တစ်ဝိုင်းဆိုတော့ သူတို့က တစ်နေရာဆီမှာဆိုကြ၊ တစ် ခါတလေကျတော့လည်း အဖေဆိုနေ တဲ့ဆီမှာ လာဆိုကြတယ်။ သင်္ကြန်နဲ့ အမှတ်တရဆိုရင်လေ ဦးတို့ဘဝက တော့ အရွယ်ရောက်လာကတည်းက သင်္ကြန်ဆိုရင် တီးဝိုင်းနဲ့ပဲ ဖြတ်သန်း ရတာကိုး။ အဲဒီတော့ အမှတ်တရ ဆိုရင် ဦးက ကံကောင်းခြင်း လက် ဆောင်မထွက်ခင် ကျောင်းတွေ၊ နယ် တွေမှာ ဦးက အတီးသမားဘဝပေါ့ လေ။ အတီးသမားလေးတစ်ယောက် ပေါ့။ နောက်တော့လည်း အင်ပါယာ နဲ့ ကံကောင်းခြင်းလက်ဆောင်အခွေ ထွက်ပြီးတော့လည်း မြို့တကာအနှံ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေရော သီချင်းဆိုနေတာနဲ့ပဲ ဖြတ်သန်းရတာ ပေါ့။ ၄ ရက်စလုံး ကောင်းကောင်းဖျော်ဖြေနိုင်ဖို့ကိုပဲ စိတ်လှုပ်ရှားနေ တာပါ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here