ကလေးတွေကို မိခင်ရင်းသဖွယ် ပြုစုစောင့်ရှောက်သွားမယ့်ခိုင်နှင်းဝေ

0
317

ပရဟိတအသင်းတည်ထောင်ထားတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေက အခုလက်ရှိအချိန်မှာတော့ နောက်ထပ်ကူညီမှုတစ်ခုအနေနဲ့ ခိုကိုးရာမဲ့ကလေး ငယ်တွေကို ကူညီစောင့်ရှောက်ပေးလျက်ရှိပါတယ်။ သူကအခုလက်ရှိ အချိန်မှာတော့ သမီးလေးတစ်ယောက်ကို အိမ်မှာခေါ်ယူပြီး စောင့်ရှောက်လျက်ရှိတယ်လို့သိရပါတယ်။

”ဒီသမီးလေးကတော့ အစ်မအိမ်မှာခေါ်ထားတယ်။ ကျန်တဲ့ကလေးတွေကတော့ အစ်မတိုက်ခန်းငှားပြီးထားထားတယ်။ နာစ့်မနှစ်ယောက်နဲ့ ကလေးထိန်းပေးမယ့်တစ်ယောက်တော့ခေါ်ထားတယ်။ အစ်မကတော့ အမြဲတမ်းသွားကြည့်ပေးရတာပေါ့။အိမ်မှာခေါ်ထားတဲ့ သမီးလေးကျတော့လည်း အစ်မအနေနဲ့သားသမီး တစ်ယောက်မွေးလိုက်ရသလိုပါပဲ။ ဒီကလေးတွေကို ပြုစုပျိုးထောင်တယ်ဆိုတာကလည်း အစ်မနေ့စဉ်ယူတဲ့ ကုသိုလ်ပေါ့လေ။ ပြီးတော့ အစ်မကလေးတွေ အကုန်လုံးကို မိဘမဲ့လို့မဖြစ်စေချင်ဘူး။ အစ်မကလေးတွေက မိဘမဲ့ကလေးမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်မဆီကကလေးတွေကို မိဘမဲ့ ကျောင်းတွေမှာသွားထား လိုက်လို့ရတယ်။ ဒါပေမဲ့ အစ်မကလေးတွေကို မိဘမဲ့မဖြစ်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အစ်မငယ်ငယ်လေးကတည်းကလည်း အစ်မကို အမေတစ်ယောက်တည်း ပြုစုစောင့်ရှောက်လာခဲ့တာဆိုတော့ ကလေးတွေကြီးလာရင် အဖေလည်းအစ်မပဲ၊၊ အမေလည်း အစ်မပဲဆိုတဲ့ ပုံစံမျိုးနဲ့ပဲ မွေးစားသွားမယ်။ အစ်မရဲ့ကလေးတွေကို ပုံမှန်မိဘမေတ္တာပေးမယ်။ ကျောင်းထားတဲ့အချိန်ကျောင်းထားမယ်။ သူ့ကိုပြုစုပျိုးထောင်မယ်ပေါ့” လို့ ကလေးတွေနဲ့ပတ်သက်လို့ ခိုင်နှင်းဝေကပြောပြ ပါတယ်။

သင်္ကြန်ပြီးရင်တော့ ကလေးတွေအကုန်လုံးကို ဘုန်းကြီးကျောင်းမှာ နာမည်ပေးကင် ပွန်းတပ်ပွဲလုပ်ပေးမှာဖြစ်ကြောင်းလည်းပြောပါတယ်။ သူမွေးစားထားတဲ့ ကလေးတွေကို တစ်ခြားလူတွေကို မွေးစားဖို့ပေးမှာမဟုတ်ဘဲ သူ့ဆီကိုကလေးတွေလာတောင်းရင် မကြိုက်ကြောင်း ခိုင်နှင်းဝေကပြော ခဲ့ပါတယ်။ မွေးစားထားတဲ့ကလေးတွေထဲကမှ တစ်ချို့ကလေးတွေကိုတော့ အမွေစားအမွေခံနဲ့ မွေးစား သွားမှာဖြစ်ကြောင်း ခိုင်နှင်းဝေကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here