တူလေးကအနုပညာ ဝါသနာပါရင် မြေတောင်မြှောက်ပေးသွား မယ်ဆိုတဲ့ဟန်ဇာမိုးဝင်း

0
235

ဟန်ဇာမိုးဝင်းကတော့ တူလေး ချီရတော့မှာမို့ ပျော်ရွှင်နေပါတယ်။ သူက အစ်မဖြစ်သူ တင်ဇာမိုးဝင်းနေထိုင်ရာ ဂျပန်နိုင်ငံကိုလည်း သွားရောက်ခဲ့ကာ အစ်မဖြစ်သူကို အားပေးစကားသွားရောက်ပြောကြားခဲ့ပါသေးတယ်။သူ့အနေနဲ့ ကတော့ အစ်မကိုယ်ဝန်စလွယ်တယ်ဆိုကတည်းကိုက ပျော်ရွှင်နေတာပဲဖြစ်ပြီး အာထရာဆောင်းရိုက်အပြီး တူလေးလို့ သိလိုက်ရတဲ့အချိန်မှာတော့ သူကပိုလို့ အပျော်တွေများခဲ့ရပါတယ်။

”ကျွန်တော်တို့ မိသားစုထဲမှာ နေမိုးဝင်းပြီးကတည်းက ကလေးမရှိတာကြာပြီလေ။ နေမိုးဝင်းက ကျွန်တော်တို့ အသက် ၁၈ နှစ်လောက် ရောက်မှမွေးတာဆိုတော့ သူ့ကိုတစ်ချိန်လုံး ဝိုင်းစနေကြတာပေါ့။ မကြီးက အခုကလေးလေး ရတယ်ဆိုတော့ ကျွန်တော်တို့ တူလေးရပြီပေါ့။ ပျော်တာပေါ့။ မကြီးက ကျန်းမာရေးကောင်းပါတယ်။ ဒါပေမဲ့ မိသားစု တွေနဲ့ဝေးနေတော့ နည်းနည်းတော့ အားငယ်နေတဲ့ ပုံလေးရှိတယ်။ ကျွန်တော့် ယောက်ဖကိုသားဖြိုးကလည်း သူ့ကို တော်တော် အားပေးပါတယ်။ တော်တော်လည်း ဂရုစိုက်ပါတယ်။ ကျွန်တော်လည်းအားပေးခဲ့ ပါတယ်။ သူကတော့ ကျွန်တော့်ကို တစ်ချိန်လုံးပြောနေတာပါ။ နင်တို့ထိန်းရမှာနော်တဲ့။ သူက ကျွန်တော်တို့ကို တအားထိန်းခဲ့ရတာလေ”လို့ တူလေးအတွက် ပီတိဖြစ်ရင်း ဟန်ဇာမိုးဝင်းက ပြောပါတယ်။

စံပြ သဘင်ရဲ့မင်းသားတစ်ယောက် ဖြစ်လာမလား ဆို တာကတော့ ကလေးရဲ့ဝါသနာကလေးရဲ့ စိတ်ပေါ်မှာပဲမူတည်ပြီး သူတို့တွေကအတင်း က ခိုင်းတဲ့အခါ မှာလည်း ကလေးကကချင် မှကမှာ ဖြစ်တာကြောင့် သူ့အနေနဲ့ဆိုရင် လည်း ဝါသနာမပါရင် အတင်းမလုပ်ခိုင်း တတ်ဘူးလို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။

”ကလေးလေးက ဝါသနာပါတယ်ဆို ရင်တော့ ကျွန်တော်ကတော့ တားမှာလည်း မဟုတ်ဘူး။ မြေ တောင်မြှောက်ပေးဖို့ပဲ ရှိပါတယ်။ ဒါပေမဲ့ ကလေးဆိုတာမျိုးက လည်း ခက်ပါတယ်။ ငယ်ငယ်တုန်းက ဝါ သနာပါပြီးကြီးတော့ မလုပ်ချင်တာမျိုးတွေ လည်း ဖြစ်တတ်တယ်”လို့ တူလေးအနုပ ညာဝါသနာပါရင် ပံ့ပိုးပေးသွားမယ့်အကြောင်း နဲ့ပတ်သက်လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here