လူငယ်ဘဝကို ဖြတ်သန်းရင်း စာပေဖတ်ရှုလေ့လာတဲ့ အလေ့အထကိုလည်း ပြုစုပျိုးထောင်သင့်တယ်ဆိုတဲ့အလှမယ် ဂုဏ်ရည်အေးကျော်

0
243

အလှယ်တစ်ဦးဖြစ်သလို အစီ စဉ် တင်ဆက်သူတစ်ယောက်အနေ နဲ့ပါ လုပ်ဆောင်နေသူကတော့ ဂုဏ် ရည်အေးကျော်ပါ။ သူမကတော့ မ ကြာသေးမီ မြန်မာနိုင်ငံစာပေထုတ် ဝေသူများအသင်းက ကြီးမှူးကျင်းပ တဲ့ ပေးကြည့်ဖြေကြည့်စာအုပ်ပ ဟေဠိအစီစဉ်မှာပါဝင်ပြီး စာအုပ် စာပေနဲ့ ပတ်သတ်တဲ့မေးခွန်းတွေ မေးပေးခဲ့ပါတယ်။ ဒီအစီစဉ်မှာ ပါဝင်ရတဲ့သူမရဲ့ခံစားမှုကိုလည်း အ လှမယ် ဂုဏ်ရည်အေးကျော်ကခုလိုပြောပြခဲ့ပါတယ်။

”ငယ်ငယ်တုန်းကတော့ မေး ကြည့်ဖြေကြည့် မဟေဠိအစီစဉ်တွေ ကို TV မှာပဲကြည့်ဖူးတယ်။ ခုတော့ စာအုပ်စာပေနဲ့ပတ်သတ်တာတွေ ကို ကိုယ်တိုင်မေးပေးရတယ်ဆိုတော့ အ ရမ်းလည်း ပျော်စရာကောင်းပါတယ်။ ဗဟုသုတတွေလည်း အများကြီးရပါ တယ်။ လူငယ်တွေလည်း အများကြီး ဖြေနိုင်ကြတယ်။ လူကြီးတွေလည်း ပါဝင်ကြတယ်။ ဘုန်းဘုန်းတွေလည်းပါတယ်ဆိုတော့ ဂုဏ်ရည်အရမ်း ပျော်ပါ တယ်။ ဂုဏ်ရည်ကိုယ်တိုင်လည်း လူငယ်တွေကို စာအများကြီး ဖတ်စေချင်ပါ တယ်။ အလုပ်လည်းလုပ်မယ်။ လူငယ်ဘဝကိုလည်း ဖြတ်သန်းမယ်။ စာအုပ်ဖတ်တဲ့အလေ့အထလေးကိုလည်း ပြုစုပျိုးထောင်သွားမယ်ဆိုလိုရှိရင် နိုင်တကာကလူ တွေနဲ့ယှဉ်ပြီးတော့ တွေးခေါ်နိုင်စွမ်းတွေရှိလာမယ်။ လုပ်ငန်းခွင်မှာ ရှေ့တန်းကိုရောက်ဖို့ ကိုယ်လုပ်နေတဲ့ နယ်ပယ်တစ်ခုမှာ ရှေ့တန်းကိုရောက် ဖို့ လူတွေကိုဦးဆောင်နိုင်ဖို့ လူတွေနဲ့ စကားပြောနိုင်ဆိုနိုင်ဖို့ ဆိုရင်တော့ စာဖတ်ဖို့လိုပါတယ်” လို့ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here