အသက်၈၇နှစ် ရှိပြီဖြစ်တဲ့ ဒေါ်ခင်လေးဆွေ အကြောင်း ပြောပြတဲ့ သရုပ်ဆောင် ဧကရီစုစံ

0
268

ဖက်ရှင်နဲ့ပတ်သက်လို့ ရိုးရိုးယဉ်ယဉ်လေးတွေသာ အဝတ်များပြီး ဒီလိုဝတ်ဖြစ်ခြင်းကလည်း သူကိုယ်တိုင်ကိုယ်က ကြိုက်နှစ်သက်လို့ပါလို့ သရုပ်ဆောင်ဧကရီစုစံကပြောပါတယ်။ ငယ်စဉ်တုန်းကတော့ Sexy ဆန်တဲ့ ဝတ်စုံမျိုးတွေကို ဝတ်ဆင်ပြီး ဓါတ်ပုံရိုက်ဖြစ်ခဲ့ပေမယ့် သူနဲ့မလိုက်ဖက်ဘူးလို့ ပြောကြတာကြောင့် နောက်ပိုင်းမှာတော့မဝတ်ဖြစ်တော့ဘူးလို့ ပြောလာပါတယ်။

”တော်တော်များများကပြောကြတယ်။Sexyပုံထက်စာရင် ယဉ်တဲ့ဘက်ကို ရိုက်တာကိုပိုသဘောကျတယ်လို့ပြော တယ်။ ပြီးတော့ ကြီးကြီးဒေါ်ခင်လေးဆွေကမှာထားတာလည်းပါတယ်။ ကြီးကြီးကSexy ထက်စာရင် သမီးက ယဉ်တဲ့ဘက်ကို ပိုလိုက်ဖက်တယ်ဆိုပြီးပြောတယ်။Sexyပုံတွေ လျှောက်ရိုက်ဖို့ မစဉ်းစားနဲ့။ ကိုယ်နဲ့လိုက်ဖက်တာကိုပဲ အခြေတကျရိုက် အခြေတကျနေဖို့ ပြောတယ်။ ဒါပေမယ့်အခုနောက် ပိုင်းက ကိုယ်ကတအားကြီးအေးတိ အေးစက်တွေ များလာတဲ့အခါကျတော့ သူကတောင်နည်းနည်းလေး ပြန်ပြောနေရတယ်။ သမီးရယ်ညည်းကိုကြည့်ရတာ ငါပျင်းလိုက် တာတဲ့။အဲဒီလောက်ကြီးလည်း တအားမလုပ်နဲ့ပေါ့လေ။ ကာရိုက်တာအရလိုအပ်ရင်တော့ဝတ်ပါတဲ့။ အဲဒီလိုလေး တွေတော့ ပြန်ပြီးတော့ခွင့်ပြုထားတယ်” လို့ ဖက်ရှင်နဲ့ပတ်သက်လို့ ဧကရီစုစံကပြောပါတယ်။ အနုပညာ မျိုးရိုးရှိနေတာကြောင့် ဘာပဲလုပ်လုပ် အမြဲသတိထားရတယ်လို့လည်း သူက ပြောပါတယ်။ အွန်လိုင်းမှာ Post တစ်ခုခုတင်တော့မယ်ဆိုရင်တောင် အမြဲဂရုစိုက်ပြီးမှ တင်ရလေ့ရှိတယ် လို့လည်းသိရပါတယ်။

”ကိုယ်ကလူငယ်ဆိုတော့ အချစ်ရေးတွေဘာတွေတင်ချင်တယ်။ အဆင်ပြေတဲ့အကြောင်းလေးတွေ အဆင်ပြေတဲ့အကြောင်းလေးတွေပေါ့။ အဲဒီ့အခါကျတော့ ဆူတယ်။ ကြီးကြီးကလည်းမှာထားတယ်။ လူမှုရေး တွေကို ဖေ့ဘွတ်စ်မှာ အရမ်းကြီး မတင်ဖို့ပေါ့။ စိတ်ခံစားချက်ကို တအားဦးစားပေးတာမျိုးတွေမလုပ်ဖို့ ပေါ့။ စိတ်ညစ်တာတွေလည်း အများကြီးမပြောနဲ့။ ကိုယ်ကအနုပညာသမားဖြစ်တဲ့အတွက် ပျော်ပျော်ပါးပါးပဲ နေရမယ်လို့ပြောတယ်။ အဲဒီ့အခါကျတော့ နောက်ပိုင်းတင်တာလေးတွေတော့ နည်းနည်းသတိထားရတယ်” လို့ သူကပြောပါတယ်။ ဒေါ်ခင်လေးဆွေက အခုအချိန်မှာတော့ အသက် ၈၇ ရှိပြီဖြစ်တာကြောင့် ဇာတ်ကားတွေ ရိုက်ကူးခြင်းကို နားလိုက်ပြီဖြစ်ပါတယ်။ ကျန်းမာ ရေးအနေနဲ့ကတော့ ကောင်းမွန်ပြီး သူကနဂိုကတည်းကလည်းပျော်ပျော်နေတတ်တာကြောင့် အခုအထိလည်းပျော်ပျော်ပဲနေတယ်လို့သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here