ပြည်သူတွေရဲ့ ယုံကြည်မှုကို ပိုရလာတဲ့အတွက် ကျေနပ်မိတယ် ဆိုတဲ့ ထက်ထက်ထွန်း

0
406


အလှမယ်တစ်ယောက်ဘဝကနေ အခုအချိန်မှာတော့ မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကထဲကို လျှောက်လှမ်းလာသူကတော့ ထက်ထက်ထွန်းပါ။ အနုပညာ အလုပ်တွေတင်မကဘဲ ထက်ထက် ထွန်းက စည်ပင်ရွေးကောက်ပွဲမှာ လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ပရိသတ်တွေရဲ့ ယုံကြည်မှုကို အများကြီးမရသေး တဲ့အတွက် ရှုံးနိမ့် ခဲ့တယ်ဆိုတာကို ထက်ထက်ထွန်းက …

”ထက်ထက်က ဘယ်လို ရလဒ်ပဲရရ၊ ထက်လက်သင့်ခံဖို့ ပြင်ဆင်ထားပြီးသားပါ။ လုပ်ပေးချင်တဲ့ စိတ်တစ်ခုနဲ့ လုပ်ခွင့်ရမယ့် နေရာတစ်ခုရအောင်ထက် အကောင်းဆုံး ကြိုး စားတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှု မရသေးဘူးဆိုတဲ့အချိန်မှာတော့ ထက် ဘာမှ လုပ်ပေးလို့မရဘူး။ ထက်တစ်ထောင့်တစ်နေရာကနေ ထက်ထက်ထွန်းဆိုတဲ့လူ အသက်ရှင်နေ သရွေ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူ တွေကို အတတ်နိုင်ဆုံးကူညီဖို့အတွက် အမြဲတမ်းစဉ်းစားပြီး ကြိုးစားနေမှာပါ။ ထက်ကို ယုံကြည်ပြီးတော့ ချစ်ပေးတဲ့သူတိုင်း မယုံကြည်သေးလို့ မချစ်သေးတဲ့သူတွေ အကုန်လုံးကိုရော ထက်အားလုံးကို ချစ်ပါတယ်။ စောင့်ကြည့်ပြီးတော့ ဝေဖန်ပေးပါ။ အားပေးပေးပါ။ ထက်ထက်ထွန်း ဘယ်လိုင်းဘယ် နေရာပဲရောက်ရောက် အားပေးနေတဲ့ ပရိသတ်တွေအတွက် ထက်ကတော့ကြိုးစားနေပါ မယ်”လို့ ပြောပြခဲ့ပါတယ်။ စည်ပင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင်းနဲ့ ကုန်ကျစရိတ်နဲ့ပတ်သက်ပြီးတော့လည်း ထက် ထက်ထွန်းက အခုလိုမျိုးပြောပြခဲ့ပါသေးတယ်။

”ကုန်ကျစရိတ်အားလုံးက သိန်းတစ်ရာပတ်ဝန်းကျင်လောက်တော့ရှိတယ်။ စပွန်ဆာ ကုမ္ပဏီတွေက စပွန်ဆာပေးတဲ့အတွက်ကြောင့် ထက်ဘက်ကတော့ ကုန်ကျစရိတ် အများကြီး မရှိဘူး။ ပရိသတ်တွေ ပြည်သူတွေ ကိုယ်ကိုဘယ်လောက် ယုံကြည်တယ်ဆိုပြီး အသိအမှတ်ပြု မှုတစ်ခုကိုပြန်ရလိုက်တယ်။ မထင်မှတ်ထားတာ တစ်ခုကတော့ အပြန်မှာ တချို့တွေ့လို့ရှိရင် မင်းသမီး ထက်ထက်ထွန်းဆိုတာ ထက်စည်ပင်ဝင်ပြိုင်တဲ့ ထက်ထက်ထွန်းဆိုပြီး ပုံစံပြောင်း ပြီး သိတဲ့သူတွေ ပိုများလာ တယ်။ အားပေးတဲ့ ပရိသတ်တွေ ပိုများလာတဲ့အတွက်လည်း ကျေနပ်မိ တယ်”လို့လည်း ပြောပြခဲ့ပါသေးတယ်။
ရုပ်ရှင်ဇာတ်ကားကြီး ၉ ကားလောက် ရိုက်ကူးပြီးစီးသွားပေမယ့်လည်း ရုံမတင်ဖြစ် သေးဘူးဆိုတာကို ထက်ထက်ထွန်းက …

”ထက်ရုပ်ရှင်ကားကြီးကတော့ ၉ ကားရိုက်ကူးပြီးသွားပြီ။ တစ်ကားမှ ရုံမတင်ရသေးဘူး။ စောင့်နေတဲ့ ကာ လအတွင်းမှာပဲ ရှိသေးတယ်။ ယခုနောက်ဆုံးတော့ လောင်းရိပ်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ထားတယ်။ မေမြို့မှာရိုက်ကူးပြီးစီးသွားပြီ။ ဒါရိုက်တာက ကိုပြည်ဟိန်း သီဟ၊ မင်းမော်ကွန်း၊ ရဲလေး၊ နေရဲ၊ ထွန်းအိန္ဒြာဗိုတို့နဲ့အတူ စိတ္တဇဆန်ဆန်ဆိုက်ကိုကား ပုံစံမျိုးလေး ရိုက်ကူးထားတယ်။ ဘယ်တော့ ရုံတင်မလဲတော့ မသိသေးဘူး။ ထက်ထွန်းရဲ့ ဇာတ်ကားတွေ ရုံတင်ရင်လည်း ပရိသတ်တွေအားပေးကြပါဦး”လို့ ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here