ခန္ဓာကိုယ်ကို သဘောကျတဲ့ပရိသတ်တွေထက်အနုပညာကို သဘောကျတဲ့ပရိသတ်ကို ပိုလိုချင်တယ် ဆိုတဲ့ ပိုင်တံခွန်

0
239


တည်ကြည်ခံ့ငြားပြီး စွဲဆောင်မှုရှိလွန်းတဲ့သူ့ရဲ့ ပုံစံတွေကြောင့် မြန်မာနိုင်ငံ သာမက နိုင်ငံတကာမှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေသူကတော့ ပိုင်တံခွန်ပါ။ ပိုင်တံခွန်ရဲ့ ဓာတ်ပုံအချို့ဟာ မြန်မာပြည် ပရိသတ်တွေကြားမှာတင်မကဘဲ နိုင်ငံခြားက ပရိသတ်တွေကြားမှာလည်း ရေပန်းစားခဲ့ပါတယ်။ နိုင်ငံ ခြားမှာ ဓာတ်ပုံလေးတွေ ရေပန်းစားတဲ့အကြောင်းကို ပိုင်တံခွန်ကို မေးမြန်းကြည့်တဲ့အခါမှာတော့ . . .

”ကျွန်တော်ကတော့ Instagram ကြောင့်ထင်တယ်။Instagram မှာFollow လုပ်ထားတာက မြန်မာတွေ ထက်Foreigner တွေများတယ်။Facebookမှာ ကျတော့ မြန်မာနိုင်ငံက များတယ်။Instagram မှာက သူများနိုင်ငံကသူတွေ များတယ်။Instagram ကနေ တစ်ဆင့် ကျွန်တော့်ပုံလေးတွေကိုInternational Website တစ်ခုက တင်တယ်။ Philippine ဘက်က Page တစ်ခုက စပြီး ယူတင်တယ်။ အဲဒီကနေ တဆင့် Bangkok Page တစ်ခုကတင်တယ်။ မြန်မာနိုင်ငံက ပရိသတ်တွေ သိသွားတာကြတော့Japan နိုင်ငံက Page တစ်ခုကနေ ယူတင်တဲ့ အချိန်ကျတော့ မြန်မာနိုင်ငံက ပရိသတ်တွေ ပိုပြီး သတိထားမိသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကို သဘောကျကြတယ်။ ကြိုက်နှစ်သက်ကျတဲ့အတွက် ၀မ်းသာတယ်။ ပုံလေးတွေကို သဘောကျပေးတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်တယ်”လို့ လည်း ပြောပြခဲ့ပါတယ်။ ခန္ဓာကိုယ် အလှအပထက် အနုပညာကို ပိုပြီးအားပေးစေချင်တယ်ဆိုတာကို လည်း ပိုင်တံခွန်က . . .

”ကိုယ့်ရဲ့ ခန္ဓာကိုယ် အပြင်ပိုင်းကို သဘောကျတဲ့ ပရိသတ်ထက် ကိုယ့်ရဲ့အနုပညာကို သဘောကျတဲ့ ပရိ သတ်မျိုးကို ကျွန်တော် ပိုပြီး လိုချင်တယ်။ ဇရာ ဆိုတဲ့ အရာက ထိန်းလို့မရဘူး။ တဖြည်းဖြည်းနဲ့ အိုလာမယ် ရွဲလာမယ်ဆိုတာ ဘယ်သူမှ ထိန်းလို့မရဘူး။ ကိုယ့်ဆီမှာ ကျန်ခဲ့မှာက အနုပညာတစ်ခုပဲ ကျန်ခဲ့မှာ။ အနုပညာကို ပိုပြီးအား ပေးစေချင်တယ်။ အနုပညာကို ပိုပြီး အားပေးမှလည်း ကျွန်တော် ပိုပြီး ကြိုးစားလို့ရမယ်။ ချောတာတွေ မိုက်တာတွေ လှတာတွေ ဆိုတာ လောကမှာ အများကြီးပဲ။ ခန်္ဓာကိုယ် အပြင်ပိုင်း အလှထက် ကျွန်တော့်ရဲ့ အနုပညာကို ပိုပြီးတော့ အားပေးစေချင်တယ်”လို့လည်း ပြောပြခဲ့ပါတယ်။ ကိုယ်ပိုင် ဏမသိကခအ ထွက်ဖို့ ရှိသေးတယ်ဆိုတာ ကိုလည်း . . .

”ကျွန်တော် Product လေးထွက်ဖို့လည်း ရှိတယ်။ ဘယ်လို Product မျိုးဖြစ်မလဲ။ ဘယ်လိုအရာမျိုးလေးလဲဆိုတာကို ပရိသတ်ကို ရင်ခုန်စေချင်တယ်။ မိန်းကလေးအတွက်လား ယောင်္ကျားလေး အတွက်လားဆိုတာလည်း ကျွန်တော် ကြိုမပြောသေးဘူး။ အခု အချိန်မှာတော့ လျှို့ဝှက်ထားဦးမယ်။ ဘယ်လို Product မျိုးထွက်လာမလဲ ဆိုတာလည်း ပရိသတ်ကြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ပေးကြ ပါဦး”လို့လည်း ပိုင်တံခွန်က ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါ၀င်း
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here